Part 62

174 8 4
                                    

❣️အချစ်ကွန်ချာ❣️{Part--62}
*******❣️********

" ဟင်းးးး "

အခါတိုင်း အလုပ်သိမ်းခါနီးဆို အမောပြေလေးအားတွေ့ရတော့မည်မို့ တက်ကြွနေသည့် သွေး စိတ်တွေဟာ
ဒီကနေ့ အကြောင်းပြချက်မရှိ လေးလံနေခဲ့ပြီး

သက်ပြင်းသာ မကြာခဏ ချနေမိတာ ဘာကြောင့်မှန်းမသိ။

" ကိုလွန်းရေ ကိုလွန်း..."

" ဟင် "

အဝေးကတည်းက ကြားနေမိသည့် ခေါ်သံဟာ ကိုဒီးဂျာ၏ အသံမို့ ရင်ထဲ စိုးထိတ်မှုဟာ အသက်ရှူရခက်လာသည်အထိ။

" ကိုလွန်း "

" ကိုဒီးဂျာ ဘာ ဘာဖြစ်လာတာလဲ "

အမောတကော အနားရောက်လာသည့် ကိုဒီးဂျာက ခဏ အမောဖြေနေကာ ...

" မာန်လေး ရေနွေးပူလောင်လို့..."

" ခွပ် "

လက်ထဲမှ ပြုတ်ကျသွားသည့် ပေါက်တူးဟာ သွေး ခြေဖမိုးထက် ရိုက်ချလိုက်သည့်နှယ်
သိူ့သော် ထိုနာကျင်မှုအား သွေး ဂရုမစိုက်နိုင်စွာ...

" ဟာ ဟေ့ ဟေ့ ကိုလွန်း"

လေအလျှင်လို ပြေးထွက်သွားသည့် သွေးအား ဒီးဂျာခေါ်ပေမယ့် မရတော့...

" ဟေ့ကောင်...ဂျာနမ် ၊ လိုက်သွားစမ်း
  ငါ ဆရာဝန်ပြေးခေါ်ရမှာ "

" ဟုတ်ကဲ့ "

ဆန့်ကျင်ဘက်ဆီ ပြေးလွှားနေကြသည့် လူသုံးယောက်
သို့သော် တစ်ဦးတစ်ယောက်၏ ရင်တွင်းမှာတော့ ကမ္ဘာပျက်မတတ် ထိတ်လန့်မှုတွေဟာ ဘာနှင့်မျှ နှိုင်းမရပါချေ။
ဟုတ်ပါသည်။
သွေး နှလုံးသားတစ်ခုလုံး မညှာမတာ ဆုပ်ချေခံရသလို အသက်ရှူရခက်ကာ နာကျင်နေခဲ့ပါ၏။
ပြေးနေမိသည့် တစ်လျှောက် မျက်ရည်တွေဟာ တားဆီးမနိုင်ခဲ့။
ခြင်းကျားတွေ လွယ်ကာ အလုပ်သိမ်းလာသည့် အမျိုးသမီးငယ်လေးတွေဟာ သွေးကို အထိတ်တလန့်ကြည့်ကြရှာတယ်။

အတ္တ မာန တို့ဖြင့် ဂုဏ်သိက္ခာကြီးခဲ့သူ သွေးဟာ ယခုပြေးလွှား ငိုနေသူဟုတ်ပါလေစ။
ဟင့်အင်း သွေး မရှက်နိုင်ပါ။
သွေး သိတာ သွေး ချစ်ရပါသော လူသားလေး တစ်ယောက်တည်း ဝမ်းနည်း ထိတ်လန့်နေရှာတော့မှာဆိုသည့် အတွေးသာ...

အချစ်ကွန်ချာWhere stories live. Discover now