Part 28

262 14 4
                                    

❣️အချစ်ကွန်ချာ❣️{Part--28}
*******❣️********

" ကိုယ်က လူပျိုကြီးပါကွ ငယ်လေးရ "

" ဗျာ "

*********

လူပျိုကြီးပါကွဆိုသော စကားကြောင့် မျက်လုံးလေးပြူး ပါးစပ်လေးဟောင်းလောင်းဖြစ်သွားပုံက
ရိပ် မနေနိုင်စွာ နမ်းပစ်မိသည်အထိ ချစ်ဖို့ကောင်းလွန်းသည်။

ရိုင်း ပြောပြထားမယ်လို့ပဲ ထင်ခဲ့တာ
ခုတော့ မပြောပြထားဘူးဆိုတော့ ရိပ်ကို ဒီလူသားလေးက တစ်ချိန်လုံး မုဆိုးဖိုဟုထင်နေတာပေါ့။

" အဟွန်း...အံ့ဩသွားတယ်လား ငယ်လေး "

" ......... "

" ကိုယ့်အိမ်က ဒရိုင်ဘာ !
အင်းးးး ကိုယ့်ရဲ့ အရာအားလုံးကို လက်လွှဲရသည်
အထိ အားကိုးရတဲ့ ကိုယ့်ကိုယ်ပွားဆို ပိုမှန်မယ် "

" ......... "

" သူ့နာမည်က...စိုင်းလတ်ချို တဲ့ !
  ဓနုအမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်
  ပြီး မိန်းကလေးဘက်က သဘောမတူလို့ !
  ကိုယ်တိုင် တင်တောင်းငွေတွေနဲ့ တခမ်းတနား
  လိုက်တောင်းပေးရတာ "

" .....…... "

" အဲ့လို အစစအရာရာ တာဝန်ယူတာတောင် သဘောမတူဘူး ခါးခါးသီးပဲကွာ !
  သူတို့ လူမျိုးချင်းမှ မဟုတ်ရင် လက်မခံဘူးတဲ့ "

ရိပ် စကား ခဏရပ်ပြီး ငယ်လေးကိုကြည့်တော့ မျက်ဝန်းလေးတွေပြူးကာ စိတ်ဝင်တစား နားထောင်နေတာ ပုံပြင်တစ်ပုဒ်ကို အဆုံးသတ်ဘာ
ဖြစ်မလဲ သိချင်နေတဲ့ ကလေးလေးတစ်ယောက်လို။

" နောက်တော့...ကိုယ့်ဆီပဲ ခိုးပြေးလာခဲ့ကြတာလေ
  ကိုယ်လည်း အစစအရာရာ လိုလေသေးမရှိအောင် ကူညီပေးထားခဲ့တာ "

" ......... "

" အင်းးးး ကံဆိုးချင်တော့ ကလေးမွေးပြီးတာနဲ့
  ဆုံးတာပဲ !
  အယူအစွဲကြီးတဲ့ သူ့မိသားစုတွေက ဆုံးတာတောင် လာမကြည့်ပါဘူး ငယ်လေးရာ "

" ....…... "

" အဲ့မိန်းကလေး ဆုံးပြီး မကြာဘူးကွ !
  သူ့မိဘတွေလည်း ရှေ့ဆင့် နောက်ဆင့် ဆုံးကြ
  တယ် ကြားတာပဲ !
  ကိုလတ်လည်း သားသား ၈ လသားမှာပဲ ဆုံးရှာ
  တယ် "

အချစ်ကွန်ချာWhere stories live. Discover now