Part 59

175 13 3
                                    

❣️အချစ်ကွန်ချာ❣️{Part--59}
********❣️********

သော်ကငြိမ်၏ မီး‌ဖိုဆောင်ထဲတွင် တေးသံသာတို့
ထုံလွှမ်းလျက်...
နံနက်ခင်းဟာ သာယာနေခဲ့သည်။

" ဦးရိပ်...ပုစွန် များများထည့် နော် ၊ ကင်းမွန်လည်း
  များများထည့်ပေး "

အေပရွန်ဝတ်လျက် သူချစ်ရသူအတွက် စားဖိုမှူးလုပ်နေသည့် ရိပ်၏ ခါးကို ဖက်ကာ ထိုသို့ ဆရာလုပ်နေသူလေးက ဒေါက်တာနေအခါးသာ ဖြစ်ပါ၏။

" ရွှတ်...တရုတ်ထမင်းကြော်ကို ပင်လယ်စာထမင်း
  ကြော်ဖြစ်အောင် လုပ်နေတာလား ငယ်လေး "

နဖူးထက် လှည့်နမ်းကာ ပြောမိတော့ ဟီးခနဲ ရယ်ပြလာပြီး

" နှစ်မျိုးစပ်ထမင်းကြော်လေ ဦးရိပ်ရဲ့ "

" ဟုတ်ပါပြီ...ငယ်လေးအကြိုက်ဖြစ်စေရမယ်
  သွား အိမ်ရှေ့သွားနေချည် ၊
  အနာကျက်ခါစကို အညှော်လာခံနေတယ်ကွာ
  သွား ဦးရိပ်ရဲ့ အချစ်ဆုံးလေး "

" အဟွတ် အဟွတ်...ခွေးစာမစားချင်ဘူးဟေ့ ၊
  ပြန်ထွက်ပြီ "

ကော်ဖီလာဝင်ယူသည့် ရိုင်းက ရယ်ရွှန်းဖောက်ကာ
ပြောပြီး ပြန်ထွက်သွားတာမဟုတ်ဘဲ ရိပ် အနားရောက်လာကာ ပခုံးဖက်လာပြီး...

" ယောက်ဖတော်...မင်းမှာလည်းနော် တကယ့်
  စားဖိုမှူးကြီးကျလို့ကွာ ၊ ငါ့ ညီက တကယ့် ငဆိုး
  လေးကိုဖြစ်လို့ "

" ကိုကို မလုပ်ပေးလို့ ညီက ဦးရိပ်ကို လုပ်ခိုင်းရတာ
  နော့် ဦးရိပ် "

" အဟွန်း...၊ အစ်ကိုကို ရစ်မနေနဲ့ ငယ်လေး
  အိမ်ရှေ့သွားနေဆိုကွာ "

" မြန်မြန်ဗျ ဗိုက်ဆာနေပြီ "

" အေးပါကွာ "

" ကိုကို ညီ့ကို ကော်ဖီ နည်းနည်း "

အိမ်ရှေ့ထွက်ခါနီး ရိုင်းဆီက ကော်ဖီတောင်းသောက်နေသည့် ညီက သူ့အခြေအနေ သူမေ့နေလားပဲ။

" ခါးတယ် ညီ ...သောက်လို့မရဘူး "

" နည်းနည်းတောင် မရဘူးလား ဗျ ကိုကိုရ "

မရစ်ရလျှင် မနေနိုင်ပါသော နေအခါးက ထိုသို့ ဈေးဆစ်တတ်ပါသေးတယ်။

အချစ်ကွန်ချာWhere stories live. Discover now