Part 71

159 9 3
                                    

❣️အချစ်ကွန်ချာ❣️{Part--71}
******❣️*******

*ချစ်ခြင်းတရားကလှပါတယ်
အလွမ်းတွေက လကမ္ဘာဖြစ်နေတော့
မင်းမသိတဲ့ ကိုယ့်ရင်ဘတ်ထဲက
ဝေဒနာက ဒယိမ်းဒယိုင် ခနော်ခနဲ့
ကိုယ် မင်းရက်စက်ခြင်းနဲ့
အသားမကျသေးဘူး ငယ်*

ဝရန်တာမှာ ရပ်လို့ ရိပ်ငေးနေမိတာ ချစ်ရတဲ့ ငယ်...

မနက်စာစားပြီး သူ့အစ်ကိုကို ဆေးတိုက်ပြီးကတည်းက ခြံထဲဆင်းကာ ကလေးနှစ်ယောက်နှင့်
ကစားနေသည့် ငယ်က ရိုင်း၏ ရှပ်အင်္ကျီကြီး တလွင့်လွင့်နဲ့ပါ။
ထမင်းဆင်းစားတုန်းကတော့ boxer ပဲဝတ်ပြီး ဆင်းလာပေမယ့် ခြံထဲဆင်းမယ်ဆိုမှ ပေါင်လယ်လောက်လေး ဝတ်လိုက်တဲ့ ငယ်က ရိပ်ကို အနု နည်းဖြင့် ညှင်းဆဲနေသူလေးသာ။

ရိပ်ကတော့ ငယ်လေးကြိုက်တတ်တာလေးတွေ
ပြင်ဆင်ပေးထားပေမယ့် စားတော့စားသွားပြီး စကားတော့ ပြောမလာခဲ့။
ကလေးနှစ်ယောက်ကို ဝိုင်းပြောခိုင်းတော့လည်း
ခေါင်းလေးတွေ တခါခါနဲ့ရယ်ပါ။

*ကိုယ်ဘာလုပ်ရပါ့မလဲ ငယ် ၊
မင်းလေးရဲ့ ရက်စက်ခြင်းတွေကြောင့် ကိုယ့်နှလုံး
သားလေး ပမ်းလျနွမ်းလျော်နေပါပြီကွာ*

" ပါးပါး မပြေးနဲ့ "

" ကိုကိုငယ် လူလည်ကျသွားတယ် "

ဘောလုံးပိုက်ပြီး ပတ်ပြေးနေသည့် ငယ့်ကို ကလေးနှစ်ယောက်က အော်ဟစ်နေကြပြီး ကိုယ့်ငယ်ကတော့ ခုန်ဆွခုန်ဆွဖြင့် ကလေးတွေကို စနောက်နေပြန်သည်။

*မင်းလေး သိပ်ချစ်ဖို့ကောင်းလွန်းတယ် ငယ်*

အစိုးမရသည့် စိတ်က ဝရန်တာမှာရပ်နေသည့် ခြေအစုံကို သူလိုရာ သယ်ဆောင်သွားခဲ့တယ်။

" ရေးးး ငါ နိုင်သွားပြီ "

" ပါးပါး ညစ်ပတ်တယ် ဟင့် "

" မညစ်ပတ်ဘူး ရေချိုးထားတယ် "

" ကိုကိုငယ်က သားတို့ကိုအနိုင်ကျင့်တယ်လို့ "

" မကျင့်ပါဘူးဆို ၊ ဟင့် ငါ့ကိုပဲ ဝိုင်းပြောနေတယ်
  သူတို့ဘာသာ မကစားနိုင်ဘဲနဲ့
  အီး ဟီး ဟီး ကိုကိုရေ ကိုသွေးရေ ၊ ညီ့ကို ဝိုင်း
  ပြောနေတယ် ဒီငချွတ်လေးတွေက ဟင့် "

အချစ်ကွန်ချာWhere stories live. Discover now