Part 61

122 5 2
                                    

❣️အချစ်ကွန်ချာ❣️{Part--61}
********❣️*********

" ဟေးးးးး ကိုလွန်းရေ "

အိမ်ရှေ့မှ ခေါ်နေသံကြောင့် ယောင်းမကြီးကိုင်ကာ
ကမန်းကတမ်း အိမ်ရှေ့ထွက်လာသူက တစ်ချိန်က
Black Diamond group ၏ ဥက္ကဌ ဦးလွန်းခရာသွေး မှ ဟုတ်ပါလေစ။

" ဪ...ကိုဒီးဂျာ ၊ ဘာဖြစ်လို့လဲ ကျွန်တော့်
  ကလေးလေး ဘာဖြစ်လို့လဲ "

ဆယ်မိနစ်လောက် အချိန်ပေးရသည့် ကိုဒီးဂျာ၏
အိမ်သို့ အလည်သွားကာ ကိုဒီးဂျာ၏ ဆယ်နှစ်အရွယ် သားလေးနှင့်သွားကစားနေသည့် သားမာန်လေး တစ်ခုခုဖြစ်သလား စိတ်ပူကာ အသဲအသန်မေးမိတော့ ရယ်သံဩဩကို ကြားလိုက်ရပြီး...

" ဟိုးထား ဆရာရေ့ ၊ ကိုလွန်းရဲ့သားလေး ဘာမှ
  မဖြစ်ပါဘူးဟ ၊
  ငါ ပူတာအို သွားမလို့ ဘာမှာဦးမလဲ မေးတာ"

ဒီတော့မှ သက်ပြင်းချရင်း ကိုဒီးဂျာ စကားအား
သဘောတကျဖြစ်ရသည်။
ဒီကလူတွေက သားမာန်လေးကို သွေး၏ သားဟုထင်နေကြပေမယ့် ခေတ်ပညာတတ် ကိုဒီးဂျာကတော့ ရိပ်မိတန်မှာပါ။

" သားအတွက် အဝတ်အစားလေး နှစ်စုံလောက်
  မှာချင်တယ်ဗျာ ၊
  ကိုဒီးဂျာ သေချာလေး ကြည့်ဝယ်ခဲ့ပေးနော် "

" စိတ်ချဟေ့ စိတ်ချ ၊
  မင့်က မင့်သားအတွက်ပဲ မှာတာလားဟ ၊
  မင်းမလည်း နွမ်းနေပြီလေ မဝယ်ဘူးလား "

သွေး ဝတ်ထားသည့် ခပ်နွမ်းနွမ်းအဝတ်အစားကို ကြည့်လို့ ကိုဒီးဂျာကပြောလာသည့်အခါ ခေါင်းသာခါပြမိရင်း...

" ကျွန်တော် အဆင်ပြေပါတယ် မလိုဘူးလေ ၊
  အသက်ကြီးနေပါပြီ "

" ဟားးးး မင့်မကွာ ဒီလောက် ချောလှနေတဲ့လူက
  အသက်ကြီးသတဲ့လားဟ ၊
  အေးပါ အေးပါ ငါသွားပြီဟေ့ "

ကျောခိုင်းသွားသည့် ကိုဒီးဂျာ ကျောပြင်ကို ငေးရင်း နှာခေါင်းထဲတိုးဝင်လာသည့် တူးနံ့ကြောင့်

" ယာ့...ငါ့ဟင်းတွေ ကုန်ပါပြီ "

ငါ့ဟင်းတွေဆိုလို့ အထင်မကြီးလိုက်လေနဲ့...
ဖရုံညွန့် ဘူးညွန့် နှစ်မျိုးရောပြီး အရည်သောက်ချက်ထားသည့်ဟင်း...

အချစ်ကွန်ချာOpowieści tętniące życiem. Odkryj je teraz