Part 30

492 16 1
                                    

❣️အချစ်ကွန်ချာ❣️{Part--30}
*******❣️********

" ဦးညို...ငယ်လေးကော "

အပြင်က ပြန်လာ ကတည်းက မတွေ့မိ၍ ရိပ် စိတ်မကြည်ချင်တော့။
ညနေကျ လုပ်ငန်းနှင့်ပတ်သက်သည့် မိတ်ဆွေ
တချို့ လာဖို့ရှိသလို
လူကလည်း ပင်ပမ်းသလို နွမ်းချိနေ၍ စောစောပြန်လာခဲ့ကာမှ ချစ်ရသူလေးက ဘယ်ရောက်နေလဲ မသိ။
ရောက်သည့် နေ့နဲ့နောက်နေ့ နှစ်ရက်ဆက်တိုက် ငယ်လေးကို အချိန်မပေးနိုင်ဘဲ ဖြစ်နေ၍လည်း စိတ်မကောင်းဖြစ်ရသည်။

ကိုယ်ကသာ အချိန်မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ ဒင်းလေးကတော့ ခြံထဲ မြင်းစောင်းသွားပြီး
မြင်းစီးသင်ခိုင်းကာ အလုပ်ရှုပ်နေတာပင်။

" ခြံထဲမှာပါ ရိပ်ရဲ့ "

" ဪ...ကျွန်‌တော် ကားဝင်လာရင်း လှမ်းကြည့်
  သေးတယ် မတွေ့လို့ "

" ခြံအနောက်ဘက်မှာ ရှိတယ် "

ဦးညိုကို ခေါင်းငြိမ့်ပြပြီး ရိပ် ခြံထဲဆင်းခဲ့လိုက်သည်။

ဟော

ဘွိုင်လာဝတ်စုံလေးနဲ့ ငယ်လေးက အထွေထွေအထူးကု ဆရာဝန်တစ်ယောက်ဟု ပြောလျှင် ယုံချင်စရာမရှိပါ။
ဘောင်းဘီက ဒူးအတိလေးမို့ ခြေတံသွယ်သွယ်လေးတွေနဲ့ ခန္ဓာကိုယ် ပါးပါးသွယ်သွယ်လေးက
ချစ်ဖို့ကောင်းလွန်းသည်။

တဆိတ် နေစမ်းပါဦး
ပါးစပ်ထဲက
အာ စုပ်လုံးစုပ်နေတာပဲ ဒီဟာလေးတော့

" ငယ်လေး "

" ဦးရိပ် ပြန်လာပြီ "

" ဟာ...ဟေ့ ဖြည်းဖြည်း "

ရိပ် ကိုယ်ပေါ် အပြေးလာပြီး ခုန်တက်လိုက်ကာ ခြေနှစ်ချောင်းကို ခါးမှာခွချိတ်ချက် လက်တစ်ဖက်က လည်ပင်းကိုဖက်ထားပြီး တစ်ဖက်ကတော့ စုပ်လူံးကို ကိုင်ထားရ၍ မအားဖြစ်နေသည်။

မသိမသာ ခြံထဲဝေ့ကြည့်တော့ အလုပ်သမားလေးတွေ၏ ပြုံးစိစိမျက်နှာကြောင့် ရိပ် ပြုံးမိလျက်
လုပ်ချင်ရာလုပ်ပြီး ထိုအပြုံးတွေကို မြင်ရင် အရှက်ကြီးရှက်မည့် ဟာလေးကို မြင်ယောင်မိသေး။

" ငယ် မှာတာ ပါလား ဦးရိပ် "

" ပါတာပေါ့ဗျာ...ဒီသကြားလုံးက တော်တော့ "

အချစ်ကွန်ချာWhere stories live. Discover now