46

18K 743 56
                                    

🍒 Part - 46 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"၈လပိုင်းဆိုပေမယ့် စာတွေ့လက်တွေ့တွေက လာတော့မှာ သျှင်းဆက် မင်းသေချာပြန်ကြည့်ထားနော်"

ဆရာက တကူးတကဖုန်းဆက်လာတော့ သူသည် တခြားကိုအာရုံမရောက်နိုင်တော့ဘဲ Motor vehicleတွေအကြောင်း စာတွေပြန်ဖတ်ရသည်။
အိမ်ကကားကိုလည်း တစ်ချိန်လုံးနှိုက်နေသောကြောင့် အဖေကတောင်မျက်စိနောက်လာပြီး...

"မင်းအေးအေးဆေးဆေးနေစမ်းပါ ငါ့သားရာ ၁၆နှစ်လောက်ကတည်းက ကားပြင်လာတဲ့ကောင်က အခုမှဘာဖြစ်နေတာလဲ"

"ကျွန်တော် စာမေးပွဲကျလို့မဖြစ်ဘူး"

"မင်းလိုကောင် ကျမှာလည်းမဟုတ်ပါဘူး ကျတော့လည်းဘာဖြစ်လဲ မဟုတ်လည်း မင်းအလုပ်ရှိနေတာပဲ ဂျပန်ထွက်ချင်ရင်လည်းငါပို့ပေးမယ်"

"မတူဘူးအဖေရ ဒီစာမေးပွဲကအမှတ်ကောင်းရင် Tokyoမှာနေရာပေးမယ်လို့ပြောတယ် ကျွန်တော် အဲ့ဒီကိုရောက်မှဖြစ်မှာ"

"ဘာကွာလို့လဲ"

"အချိန်ပိုင်းအလုပ်တွေပေါတယ်လေ တခြားအလုပ်တွေလည်း လက်ခံလို့ရတယ် ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ပိုက်ဆံစုမှဖြစ်မှာဗျ အရင်လိုမဟုတ်တော့ဘူး"

"ဟေ!"

"ဟိုကလေးမကိုပြောတာ သူ့ကို သက်သောင့်သက်သာထားဖို့ ကိုယ်ကကြိုးစားမှဖြစ်မှာ မင်္ဂလာဆောင်ရင်လည်း ကျွန်တော့်ပိုက်ဆံနဲ့ပဲဆောင်မယ် ခေါင်းအစခြေအဆုံး.."

"ဟ! မင်းအမေအတွက်တော့မပါ ပါလား"

"အဖေရှိနေတာကို"

ဤတွင် အဖေကဒေါကန်သွားကာ သူ့ကိုဂွတစ်ချောင်းဖြင့် ခေါက်ပစ်သောကြောင့် အတော်လေးအီစိမ့်သွားလေသည်။
သို့ပေမယ့် သူပြောတာ​ရော မဟုတ်လို့လား...

၁၀တန်းဖြေပြီးကတည်းက ကားဝပ်ရှော့မှာ ကိုယ်တိုင်အလုပ်လုပ်ကာ Automartလို Serviceကိုရောက်ဖို့ ကိုယ့်ဘာသာကြိုးစားခဲ့ရသည်။
လစာရတော့လည်း အမေ့ကိုတစ်ဝက်အပ်ပြီး တစ်ဝက်ကိုတော့ သူသုံးခဲ့ကာ အကယ်၍ မိန်းမယူခဲ့ရင် ဒီမိန်းမကိုပဲ အပ်ရတော့မှာမလား...
ဒါ့အပြင် အထွေးမကို ကျောင်းထားပေးဖို့၊ ခေါင်းအစခြေအဆုံးဆင်ယင်ပေးဖို့ဟာ သူ့တာဝန်ဟု ခံယူလိုက်သောကြောင့် အရင်ကထက်ပိုစုမှဖြစ်မည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတOpowieści tętniące życiem. Odkryj je teraz