12

17.6K 635 28
                                    

🍒 Part - 12 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကျောင်းပိတ်ရက်မို့ အပြင်ထွက်ဖို့ပြင်နေတုန်း အိမ်ရှေ့Taxiတစ်စီးရပ်လာ၍ ဘယ်သူလဲဟုကြည့်မိချိန် Taxiပေါ်မှဆင်းလာသော ကလေးမကြောင့် မျက်ခုံးတွေပင့်တက်သွား၏။
သို့သော် ကလေးမကတစ်ယောက်တည်းမဟုတ်...

"အစ်မရေ"

"ဟယ်! လာကြပြီလား"

အမေတို့၏ ဆူဆူညံညံနှုတ်ဆက်သံတွေနှင့်အတူ အဖေလည်းအိမ်ထဲကထွက်လာပြီး ထိုမိသားစုနှင့်စကားပြောနေ၍ ပိုပြီးမွှန်းကြပ်သွားမိသည်။
စာအုပ်နှင့်ပေါက်မိပြီးကတည်းက ထွေးကို သူထပ်မစရဲတော့သလို စကားလည်းမပြောဖြစ်တော့ဘဲ အဓိပတိလမ်းကိုတောင် သူတမင်ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည်။

သာမာန်အနမ်းလေးတစ်ခုဖြစ်ပေမယ့် သူမဒီလောက်ထိခံစားသွားမှန်း သူ တကယ်ထင်မထားခဲ့။
ဘာမှမသိ၊ နားမလည်သေးသောကလေးတစ်ယောက်အပေါ် အသားယူယုတ်မာခဲ့သော လူတစ်ယောက်ဟု ကိုယ့်ကိုယ်ကိုမြင်လာမိသည်အထိ။
ဒါဆို အသည်းယားလွန်းလို့ နမ်းမိတာပါဟု ဝန်ခံလိုက်ရမလား...

"ကျစ်! ငါကနမ်းရုံပဲနမ်းမိတာ တစ်ခါလေးရယ် တစ်ခါလေးပဲ သျှင်းဆက်ရ"

တီရှပ်တစ်ထည်ကောက်စွပ်ရင်း တစ်ယောက်တည်းစကားပြောနေမိသည်မှာလည်း အရူးတစ်ယောက်လိုဖြစ်ကာ အနည်းငယ်မာကျောလာသော သူမကိုလည်းမကျေနပ်။
အရင်လို 'ဟုတ်' တစ်လုံးတည်းဖြင့် သူ့စကားကိုနားမထောင်တတ်တော့ပြီမို့...

"ငါ့တူ အရပ်ကြီးမြင့်လာလိုက်တာကွယ်"

အန်တီချိုကအရင်အတိုင်း ခေါ်ပြောနှုတ်ဆက်ပေမယ့် အန်တီချို့ဘေးက ငအူမလေးကတော့ မသိချင်ယောင်ဆောင်နေ၏။
မထုံတက်တေးအမူအယာဖြင့် သူ့ကိုမြင်ပါလျက် မျက်နှာလွှဲထားသော ထိုကလေးမကို ခေါင်းခေါက်ပစ်ချင်စိတ်က တဖွားဖွားဖြစ်နေ၍ စကားဝိုင်းထဲလည်းဝင်မပြောဖြစ်။
ဟိုတစ်ရက်က ဘုထ,ထားသောနဖူးပြင်လေးသည် သနပ်ခါးဖြင့် အဝိုင်းပုံလေးလိမ်းထားသောကြောင့် သိပ်မသိသာဘဲ သနပ်ခါးပါးကွက်ကလေးတွေဖြင့် သူမ မွှေးပျံ့နေ၏။

"သမီးဖုန်းလိုချင်တာ ကိုကို့ကိုမေးပြီးပြီလား"

"မမေးတော့ဘူး ဖေဖေ သမီးသူငယ်ချင်းကပြောတယ် IPhoneဖုန်းတွေကောင်းတယ်တဲ့"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now