50

16.3K 712 44
                                    

🍒 Part - 50 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လေယာဥ်ပေါ်ကဆင်းလိုက်သည့် ပထမဆုံးခြေလှမ်းသည် စိမ်းသက်သောမြေ၏ကြိုဆိုမှုကြောင့် အနည်းငယ်တွန့်ဆုတ်သွားမိသလိုပင်။
တိုကျိုလေယာဥ်ကွင်းသည် မီးရောင်စုံဖြင့် လင်းထိန်နေကာ ခပ်ဝေးဝေးက လေဆိပ်ဆောက်အဦကြီးသည်လည်း မီးရောင်လက်ကာ ဝင်းစက်နေ၏။

တိုင်းတစ်ပါးကိုရောက်သည့်အခါ အမေ့ရင်ခွင်ကို သူ လွမ်းဆွတ်မိကာ အိမ်လွမ်းနာဆိုသော ရောဂါတစ်ခုကို ဆစ်ခနဲခံစားလိုက်ရသည်။
လေဆိပ်အဆောက်အဦးထဲမှာ Luggageထုတ်ဖို့စောင့်နေရင်း ဘယ်အရပ်ဒေသမှာမှန်း မသိသေးသော မြန်မာပြည်ကိုမှန်းဆရင်း ရင်ထဲဆို့နေမိသည်။
ဂျပန်ဟာ ကိုယ့်နိုင်ငံထက် အဆများစွာသာလွန်ပေမယ့် မြန်မာပြည်သည်သာ သူ့အိမ်ဖြစ်ပြီး အမေသည်လည်း ထိုနေရာပဲကျန်နေခဲ့တာမဟုတ်လား…

"ရောက်တာမှ နာရီပိုင်းပဲရှိသေးတယ် အိမ်ပြန်ချင်လာပြီကွာ"

ယောကျာ်းလေးဆိုသည့် စည်းတွေကြားမှာ ယောကျာ်းလေးတိုင်း ခံစားချက်ကိုမြိုသိပ်နိုင်ကြပေမယ့် သူတို့ကတော့ အတူနေရမည့်ရဲဘော်ရဲဘက်တွေမို့ အချင်းချင်းရင်ဖွင့်ဖြစ်ကြသည်။
တစ်ယောက်ကစကားစလိုက်သည်နှင့် သူက ခေါင်းညိတ်ပြလိုက်ကာ…

"အိမ်လွမ်းနာဆိုတာ ဒါမျိုးလားမသိဘူး"

"ပြောရရင်ကွာ ငါ မန္တလေး၊ ရှမ်းပြည်၊ မြစ်ကြီးနား နေရာစုံမှာအလုပ်လုပ်ဖူးတယ် ဒါပေမယ့် ဒီကိုရောက်လာတော့ တမျိုးပဲ"

"ရေမြေမှမတူတော့ဘဲကွာ"

သူတို့၅ယောက်လုံး နှုတ်ဆိတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်သည့်အနေဖြင့် ပခုံးတွေကိုဆုပ်ကိုင်လိုက်ကြသည်။
ဤ၅ယောက်ဟာ ရန်ကုန်တိုင်းShowroomတွေ၏ ကိုယ်စားပြု၅ယောက်ဖြစ်ပြီး သူအပါအဝင်တခြားတစ်ယောက်က တိုကျိုမှာနေရမည်ဖြစ်သည်။

ကျန်၃ယောက်ကတော့ အိုဆာကာမှာ တာဝန်ကျသူတွေဖြစ်ပြီး ရန်ကုန်မှာမတွေ့ဖူးခဲ့ကြပေမယ့် ဂျပန်မှာတော့ ပြန်တွေ့ကြဖို့ ကတိပေးရင်း Fb accတွေယူထားလိုက်ကြ၏။
တခြားသူတွေထက်စာလျှင် ကိုယ်တွေက နီးကပ်သူတွေမဟုတ်လား…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now