15

24.2K 760 29
                                    

🍒 Part - 15 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အမှတ်တမဲ့မြင်လိုက်ရသည့် ကိုကို့မျက်နှာသည် ဟိုတစ်ရက်ကလိုချောမွေ့မနေပါဘဲ အညိုအမည်းအကွက်တွေရှိနေကာ နှုတ်ခမ်းလေးပေါက်ထားလေသည်။
ဘယ်လောက်အထိများ အထိုးခံလိုက်ရလို့ ဒီလိုညိုမဲနေသလဲဟု အတွေးဝင်မိသည့်အခါ ကောင်းသွေးခန့်ဆိုသော လူကြီးကို ကျိန်ဆဲမိသေးသည်။
ထွေးချစ်ရသော ထိုမျက်နှာချောချောကို မညှာမတာ ထိုးကြိတ်လွှတ်လိုက်သည်မဟုတ်လား…
သို့သော်လည်း ကိုကို့ကိုမခေါ်ရဲသေးသောကြောင့် မမြင်ချင်ယောင်ဆောင်ကာ စာအုပ်ကလေးတွေကိုပိုက်ပြီး ရှေ့ဆက်သွားဖို့ပြင်မိချိန်…

"အထွေးမ"

ဟု ကိုကိုကလှမ်းခေါ်လိုက်၍ ကိုကို့ကိုမလွန်ဆန်နိုင်သောခြေလှမ်းတို့က ရပ်တံ့သွားရပြန်သည်။
ကိုကို့ဆီပြန်ကြည့်မိတော့ ကိုကိုက ထွေးကိုလက်ယပ်ခေါ်နေ၍ ခြေလှမ်းတို့က ကိုကိုရှိရာဆီသို့ အလိုလိုဦးတည်မိလျက်သား။

"Plasterကပ်ပေးစမ်းပါ"

ဘေးတွက်ချထားသော ဆေးPlasterတွေကိုမေးဆတ်ရင်း ပြောလာတော့ ထွေး ကိုကို့အနားမကပ်ရဲသေးဘဲ ရပ်ကြည့်နေမိဆဲဖြစ်သည်။
သို့သော် ထွေးကြာနေလျှင် ကိုကိုစိတ်ဆိုးတော့မှာမို့ ကိုကို့အနားထိုင်လိုက်ကာ plasterတစ်ခုကိုလှမ်းယူပြီး ညိုမဲနေသောနေရာတစ်ခုကို ဖိကပ်ပေးလိုက်သည်။

ကိုကိုမျက်နှာပေါ်က ဒဏ်ရာတွေသည် ထွေးရင်ဘတ်ကို မသိမသာနာကျင်စေကာ ထွေးအတွက်မဟုတ်သောအချစ်တွေဟုလည်း စိတ်ပေါက်ပေါက်နှင့်တွေးလိုက်မိသည်။
အေမီသက်ထားဆိုသူဟာ ကိုကို့ကို ဘယ်လောက်ထိလွှမ်းမိုးထားလို့ ကိုကိုရန်ဖြစ်လာသလဲမသိ။
မေတ္တာဟာ ရောင်ပြန်ရှိတတ်သည်ဆိုလျှင် ကိုကို ထွေးကို ဘာလို့ရောင်မပြန်တာပါလိမ့်…

"ဘာလို့ရန်ဖြစ်လာတာလဲ မမေးတော့ဘူးလား"

"ဟင့်အင်း"

"မေးစေချင်တယ် မေးလိုက်အခု"

ကိုကိုကရုပ်တည်ကြီးဖြင့် ပြောလာသည့်အခါ ထွေးကြောင်အ,သွားမိကာ ထွေးတစ်ခုခုလုပ်မိလို့များ ကိုကိုစိတ်ဆိုးနေသလားဟု တွေးမိသွားသည်။
ကိုကိုစိတ်ဆိုးရလောက်အောင် ထွေးဘာများလုပ်မိလို့လဲ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now