27 Zawgyi code

10.4K 54 2
                                    

🍒 Part - 27 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

စာမေးပွဲအချိန်ဇယားထွက်လာသည့်အခါ 1st yearနှင့် Finalသည် ညနေခင်းမှာအတူတူဖြေရမှာမို့ ထွေးပျော်သွားမိကာ ကိုကိုနဲ့အတူသွားဖို့ စိတ်ကူးမိသည်။
ဒီလိုဆို ငြိမ်းကရောဟု တွေးမိသည့်အခါ ငြိမ်းသည် ဥပဒေစာအုပ်တွေကြား ခေါင်းမြုပ်နေဆဲဖြစ်ကာ သာမာန်ထက်ကြိုးစားလွန်းနေသည်ဟု ထင်မိသည်။
Qဝင်ဖို့ကြိုးစားနေသလားဟု တွေးမိသည့်အခါ ကိုကိုနဲ့တွဲပြီးကတည်းက ငြိမ်းနဲ့စကားမပြောဖြစ်တော့မှန်း သတိရလိုက်သည်။

"ငြိမ်း"

"အင်း"

"စာပဲလုပ်မနေနဲ့ဟယ် ခဏတဖြုတ်လေး အပြင်ထွက်လည်ရအောင်လေ အင်းလျားကန်ဘောင်ကိုပဲဖြစ်ဖြစ်"

စကားမဆုံးခင်မှာ ဖုန်းဝင်လာသောကြောင့် ထွေးရဲ့အကြည့်တွေ ဖုန်းဆီရောက်သွားသလို ဒီRingdomကိုသိနေသော ငြိမ်းက ဘောပင်န်ကိုခေါင်းမှာထိုးရင်း နှာခေါင်းရှုံ့၏။
ကိုကိုက တစ်ရက်ကို ၄ခါလောက်ဖုန်းဆက်တတ်ကာ ထွေထွေထူးထူးမဟုတ်သော ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလားဆိုသည့် မေးခွန်းတွေထုတ်တတ်သည်။
ထမင်းမစားရသေးလျှင် စားခိုင်းပြီး စာလုပ်နေသည်ဆိုလျှင်တော့ စကားအများကြီးမပြောဘဲ ဖုန်းချသွားတတ်၏။

"သည်း အပြင်ထွက်ခဲ့"

"ဘာလုပ်မလို့လဲ နေပူတယ် ကိုကိုရဲ့"

"စာတွေပဲလှိမ့်ကျက်မနေနဲ့ မင်းစာလုပ်ချင်လို့ဆိုပြီး ငါ့ကိုအချိန်မပေးတာ ဘယ်နှရက်ရှိနေပြီလဲ ဒီနေ့တွေ့မယ် ခေါင်းဆေးရအောင် KTVသွားမယ်"

"အာ! မသွားချင်ပါဘူး ငြိမ်းနဲ့အတူတူစာလုပ်မလို့"

ကိုကိုနဲ့မလိုက်ချင်၍လိမ်ပစ်လိုက်သည့်အခါ စာလုပ်နေသောငြိမ်းက ခေါင်းထောင်လာပြီး ထွေးကိုဘုန်းခနဲထုပစ်သောကြောင့် ကျောလေးအောင့်သွားမိ၏။
သို့ပေမယ့် အပြင်ထွက်ဖို့အတွက်တော့ ငြိမ်းနဲ့လွှဲချမှသာ ကိုကိုကအလျှော့ပေးမှာမို့…

"ငြိမ်းငြိမ်းကိုပါခေါ်ခဲ့ကွာ"

"ကိုကိုကလည်း"

"ဘာလဲ မလိုက်ချင်ဘူးတဲ့လား ကန်တော့ပွဲ၊အုန်းပွဲနဲ့ပါ လာပြီးတောင်းပန်ပါ့မယ်လို့ ပြောလိုက်"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now