61

22.8K 1K 157
                                    

🍒 Part - 61 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အခုဘယ်လိုနေသေးလဲ"

"ဆေးသွင်းနေတယ်"

ဆိုကာ သူရဆီမှဝင်လာသော ဓာတ်ပုံတစ်ပုံကြောင့် ရင်ဘတ်တစ်ခုလုံး အစိပ်စိပ်အမွှာမွှာဖြစ်သွားသလိုပင်။
သူမသည် လူနာဝတ်စုံလေးဖြင့် ဆေးပုလင်းတစ်လုံးကို လက်ကောက်ဝတ်မှာချိတ်ဆက်ထားပြီး ပြတင်းပေါက်ဘက်ကို မျက်နှာလေးလှည့်နေ၏။
ဖြူဖျော့ဖျော့မျက်နှာလေးက သွေးမရှိတော့သလို ဖြူလျော်နေကာ မျက်နှာလေးကလည်း ချောင်ကျနေပြီး တစ်နေရာတည်းကို စူးစိုက်ပြီးကြည့်နေပုံက တမျိုးပဲဟု ထင်မိသည်။

"ငါ ခဏလောက်စကားပြောလို့ရမလား"

"မင်းအများကြီးပြောခဲ့ပြီးပြီ ငဆက် သူ့ဘာသာနေပါစေတော့"

"သူရ"

"ငါ သူ့ကိုပြန်ခေါ်သွားပေးမယ် နောက်ထပ်လည်း မင်းဆီကိုမလာအောင် ငါသေချာနားချပေးမယ် မင်းမသနားပေမယ့် ငါသနားလို့ပါ တော်ပါတော့ကွာ"

"ကျွတ်!! ငါ့အမှားလို့ပြောချင်တာလား"

"မင်းမမှားမှန်းလည်း ငါသိပါတယ် ငါ့ဘာသာ ထွေးပွေ့အတွက် စိတ်မကောင်းဖြစ်မိတာသက်သက်ပဲ"

"သူလိုအပ်နေတာက ငါ့ကို.. မင်းသိလားအဲ့ဒါ"

စိတ်မရှည်တော့၍ လေသံကိုတင်းလိုက်တော့မှ သူရက သက်ပြင်းချကာ Video callကိုမချဖို့ပြောကာ အခန်းထဲပြန်ဝင်လာ၍  သူ စောင့်နေလိုက်သည်။
သူရက ထွေးအနားအထိသွားရပ်လိုက်သည်အထိ သူမကလှည့်မကြည့်သေးဘဲ မလှုပ်မယှက်ဖြစ်နေဆဲ…

"သျှင်းဆက် မင်းဆီဖုန်းဆက်နေတယ်"

ဟုပြောလိုက်တော့မှ မလှုပ်မယှက်ဖြစ်နေသောသူမသည် ဆတ်ခနဲဖြစ်သွားလေသည်။
ထို့နောက် သူရလက်ထဲကဖုန်းကိုလှမ်းကြည့်ကာ ကြောက်လန့်စရာပစ္စည်းတစ်ခုလို ကိုယ်လေးကျုံ့သွားပြီး ခေါင်းလေးခါပြသည်။

"ခဏဖြစ်ဖြစ်ပြောလိုက်ပါ"

"ဟိုအစ်မကို တမင်လုပ်တာမဟုတ်ဘူးနော် ဒီအတိုင်းကုတ်မိသွားတာ"

"မဟုတ်ဘူးလေ ထွေးပွေ့"

"ပြီးတော့ ဒီဆေးကုန်ရင် ထွေးအိမ်ပြန်မှာပါလို့ သူ့ဆီမလာပါဘူးလို့ သူ့ကို အဲ့လိုပဲပြန်ပြောလိုက်ပါ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now