36

20.4K 718 51
                                    

🍒 Part - 36 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အကြိုနေ့ရဲ့မနက်စောစောမှာ နေ့လည်မှာစားဖို့ အချဥ်ပေါင်းဝယ်ထားရန် အန်တီပုလဲနှင့်မေမေ့ကိုပြောကာ ထွေးမုန့်လာဝယ်ခြင်းဖြစ်သည်။
ထွေးတို့နယ်မြို့တွေမှာဆို အကြိုနေ့ဆိုလျှင် ရေမပက်ကြသေးဘဲ အတာအိုးဖြင့်ကြိုရုံသာမို့ ရန်ကုန်ကိုလည်း ဒီအတိုင်းသာထင်မှတ်ပြီး လမ်းထိပ်ထွက်လာကာမှ ဒုက္ခရောက်သွားလေသည်။

"ဟာ!.. မပက်ကြနဲ့ဦး ကလေးတွေ အစောကြီးရှိသေးတယ်လေ"

"၈နာရီတောင်ထိုးနေပြီကို ပက်ဟေ့"

ထိုမုန့်ဆိုင်မှ ကလေးတစ်စုက ထွေးကိုခေါင်းကစပြီး စိုရွှဲနေအောင် လောင်းချ၊ ရေပြွတ်နှင့်လိုက်ပက်ကြ၍ ခဏအတွင်းမှာ တစ်ကိုယ်လုံးစက်စက်ကျသွားခဲ့သည်။
ဝတ်ထားသောဝတ်စုံက တောင်မြို့ချည်ထည်လေးမို့ ရေစိုသည့်အခါမှာ ထွေးကိုယ်ပေါ်ကပ်သွားပြီး ထိုဆိုင်အနားက ဆိုက်တွဲသမားတွေရဲ့အကြည့်ဟာ ထွေးဆီရောက်လာကြ၏။

တချို့ယောကျာ်းတွေက မျက်နှာပြန်လွှဲသွားကြပေမယ့် တချို့ကတော့ပြုံးစိစိဖြစ်ကုန်ကြ၍ တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားသလို ရှက်လည်းရှက်သွားမိသည်။
ထွေးကို မျက်စိအရသာခံနေမလားဆိုသည့်အတွေးဖြင့် ပိုပြီးထိတ်လန့်သွားမိသလို အချဥ်ပေါင်းထုတ်တွေကိုင်ကာ အိမ်ဘက်ကိုပြေးလာခဲ့၏။

ခြံဝမှာ ကိုကိုက မျက်မှောင်ကုတ်ပြီးရပ်ကြည့်နေ၍ ထွေးမှာ အားကိုးရာရသွားပြီး ကိုကို့အနားကို ဘယ်လိုအမြန်နှုန်းနှင့် ရောက်သွားသလဲ မသိလိုက်သည်အထိ။
ကိုကိုက ထွေးတစ်ကိုယ်လုံးကိုဝေ့ကြည့်ရင်း ဆိုက်တွဲဂိတ်ကိုလည်း ခပ်စူးစူးလှမ်းကြည့်ကာ ထွေးဆံပင်တွေကို ပိုင်နိုင်စွာဆွဲယူကြည့်ရင်း…

"ဘယ်ကပြန်လာတာလဲ"

"အချဥ်ပေါင်းသွားဝယ်တာ ရေမပက်လောက်သေးဘူးထင်လို့သွားတာ အခုကျ ခေါင်းတွေပါ ရေစိုကုန်ပြီ"

"ဘယ်နားကမုန့်ဆိုင်လဲ အစောကြီးရှိသေးတာကို ဘယ်အားတိုင်းမွေးလေးတွေက ပက်နေကြတာလဲ"

"လမ်းထိပ်က ဒေါ်ဝင်းမာဆိုတဲ့ဆိုင်"

"သွား.. အင်္ကျီသွားလဲတော့"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတKde žijí příběhy. Začni objevovat