58

19.5K 804 122
                                    

🍒 Part - 58 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကမ္ဘာအေးကကွန်ဒိုကို သူပြန်ရောက်လာခဲ့သည်က ဘယ်လိုအင်အားတွေနှင့်လဲ မသိတော့သည်အထိ လူကနွမ်းဖတ်နေခဲ့သည်။
ကျောပိုးအိတ်ကိုပစ်ချရင်း သက်ပြင်းတစ်ချက်ချမိကာ မြင်မြင်သမျှအရာတိုင်းသည် အဓိပ္ပါယ်မရှိသလို အရာရာဟာ ကာလာမဲ့နေခဲ့သည်။
ဒီအခန်းလေးထဲမှာ သူမရဲ့အငွှေ့အသက်တွေရှိခဲ့ဖူးသည်ကို ပြန်သတိရလိုက်သည့်အခါ မခံချင်စိတ်က ကောက်ရိုးမီးလိုဝုန်းခနဲထတောက်လေ၏။

"တောက်!!"

ခေါင်းအုံးတွေကိုဆွဲယူလွှင့်ပစ်လိုက်ကာ စားပွဲပေါ်ကပန်းအိုးလေးကိုလည်း ပေါက်ခွဲပစ်လိုက်မိကာ မျက်စိထဲရှုပ်နေသောအရာမှန်သမျှ သူ ပေါက်ခွဲဖျက်ဆီးပစ်မိတော့သည်။
ငိုချင်သလားဆို သူ ငိုချပစ်ချင်ပါသည်။
သို့ပေမယ့် မျက်ရည်မကျသလို ရင်ထဲဆို့နင့်ကျပ်သိပ်နေသော အစိုင်အခဲကြီးဟာ မျက်လုံးကထွက်မလာသော မျက်ရည်ထုကြီးလားမသိ…

စိတ်ရှိလက်ရှိပေါက်ခွဲဖျက်ဆီးပစ်ပြီးမှ ရင်ထဲကအစိုင်အခဲကြီးဟာ အနည်းငယ်ပြေလျော့သွား၍ ဆံပင်တွေကိုထိုးဖွလိုက်တော့ လက်ဆစ်တွေနာကျင်သွားခဲ့သည်။
ငုံ့ကြည့်မိသည့်အခါ ခြောက်ကပ်နေပြီဖြစ်သော သွေးစသွေးနတွေဖြင့် စုတ်ပြတ်နေသောဒဏ်ရာဒဏ်ချက်တွေ…

"မင်း ရူးလိုက်တာကွာ"

ကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပစ်မိကာ ဧည့်ခန်းမှာပဲ ဖြစ်သလိုထိုင်ချပစ်လိုက်တော့ ဒီနေရာမှာ သူမ,ထိုင်ခဲ့သည်ကို ပြန်သတိရလိုက်သည်။
သူမနှင့်ကိုယ့်ကြားက မေ့မရခဲ့သောအမှတ်တရတွေ၊ နှစ်ယောက်အတူတူဖြတ်သန်းခဲ့သော ချစ်ခြင်းရေစီးတွေ…

"အပြင်မှာပိုလှတယ်"

"ဓာတ်ပုံရိုက်ဦးမယ်"

"ငဆက်တို့များ ရည်းစားရှိတယ်ဆိုလို့ ဘယ်သူများလဲလို့"

ဆိုသည့်စကားတွေ…
တကယ်တမ်း သူ့မိတ်ဆွေတွေအားလုံးက သူ့ကိုဖွင့်ဟပြောခဲ့ကြပြီး ကိုယ်ကသာ ဒါတွေကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
သူ သေချာပေါက်တားမြစ်ထားသောကြောင့် အထွေးလေးမလုပ်လောက်ဘူးဟုလည်း  ယုံကြည်ခဲ့မိ၍ ဒါတွေကိုလည်း အသေးစိပ်သတိမထားခဲ့။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now