19

20.1K 774 51
                                    

🍒 Part - 19 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းကိုငါ စိတ်မဝင်စားတုန်းက မင်းငါ့နောက် လျှောက်လိုက်နေတယ် မင်းကိုငါစိတ်ဝင်စားလာတဲ့အချိန်ကျ ငါ့ကိုအထင်သေးသလိုကြည့်ပြီး ကန်ထုတ်တယ် အခုပြန်လာကပ်နေပြန်ပြီ မင်းကဘာလဲ"

"ကိုကိုက ထွေးကိုဝန်ခံနေတာလား"

"တော်တော့ မင်းဘက်ကထပ်စော်ကားလို့ရအောင် ငါနောက်ထပ် လမ်းဖွင့်မပေးဘူး မင်းအထင်သေးသလိုပဲ
ငါက ရည်းစားရှုပ်ရုံတင်မကဘူး စော်တွေနဲ့သွားအိပ်တယ် Hotelခေါ်သွားတယ် ငါလိုချင်တာရဖို့ ပစ္စည်းမျိုးစုံလက်ဆောင်ပေးပြီး ငါနဲ့လိုက်အိပ်အောင် မြှူဆွယ်တယ် စားလို့ဝရင်ဖြတ်ပစ်လိုက်တယ်
ငါကအဲ့လိုကောင်မျိုး.. အဲ့လိုယုတ်မာတဲ့လူမျိုး ရပြီလား သိပြီလား မင်းအခုဆင်းတော့"

ထွေး ဘာမှပြန်မပြောနိုင်အောင် တရစပ်ပြောသွားသော ကိုကိုကြောင့် နှုတ်ခမ်းလေးပွင့်ဟပြီး ကိုကို့ကိုသာငေးကြည့်နေမိ၏။
ဒေါသဖြစ်နေသောမျက်နှာသည် ခါတိုင်းထက်နီမြန်းနေကာ ဆံပင်ကိုထိုးဖွပစ်လိုက်သော လက်သွယ်သွယ်လေးတွေကအစ ရင်ခုန်ချင်စရာကောင်းနေခဲ့သည်။

ထွေးဟာလေ တကယ်ကို အမှတ်သည်းခြေမရှိတဲ့ကလေးမလေးပါ…
ကိုကို့ကိုဆို စိတ်ဆိုးလည်းခဏ၊ စိတ်တိုမိလည်းခဏပါပဲ၊ ပြီးရင် ကိုကိုမှကိုကို ပြန်ဖြစ်သွားတဲ့သူပါ…

"ထွေး ကိုကို့ကိုချစ်တယ်"

"အရူးထမနေနဲ့ ငါနောက်ထပ်အစော်ကားမခံဘူးလို့ ပြောပြီးသား နောက်တစ်ခွန်းထပ်ထွက်လာကြည့်စမ်း မင်းကို.."

"ကိုကို့ကိုချစ်တယ်"

ကိုကို့ရဲ့အကြည့်စူးတွေ ထွေးဆီတစ်ခါထပ်ရောက်လာပေမယ့် ထွေးမကြောက်တော့ပါ။
ကိုကိုရိုက်ချင်လည်းရိုက်ပါစေ၊ သို့မဟုတ် ကားပေါ်ကဆွဲချချင်လည်း ဆွဲချပါစေ…
ထွေးကတော့ ကိုကို့ကို ပြောချင်သည့်စကားတွေကို မရမကပြောမှာဖြစ်သည်။

"ကိုကို့လက်စွပ်လေး ပြန်ယူလာတယ် အရမ်းဈေးကြီးနေလို့ ထွေးမယူရဲဘူး ပြီးတော့ မနေ့က ထွေးဘက်က စော်ကားသလိုဖြစ်သွားလို့လည်း တကယ်တောင်းပန်ပါတယ်
ပြီးတော့ကိုကိုရယ် လူတိုင်းက ခြောက်ပြစ်ကင်း သဲလဲစင်နေတာမဟုတ်ပါဘူး လူတစ်ယောက်မှာ ကောင်းခြင်းတွေပဲရှိတာမဟုတ်ဘူး ဆိုးသွမ်းမှုတွေလည်းရှိတာပဲလေ
အခုကိုကိုက ထွေးသိခဲ့တဲ့ကိုကိုနဲ့ အများကြီးကွာခြားသွားတယ် ဒါပေမယ့် ထွေး ကိုကို့ကိုချစ်တယ်ဆိုတာ ကိုကို့ရဲ့ဖြစ်တည်မှူကိုချစ်တာပါ
လိမ္မာလို့၊ဆိုးလို့ဆိုပြီး ပြောင်းလဲမသွားဘူး
အရင်တုန်းကရော အခုရော ဘာမှမပြောင်းလဲပါဘူး"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now