43

17K 689 23
                                    

🍒 Part - 43 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ငြိမ်း နင်မှန်မှန်ပြောနော် အဲ့ဒီအစ်ကိုကြီးကို ကိုကောင်းသွေးခန့်မှန်း နင်သိနေတာကြာပြီမဟုတ်လား"

"အင်း"

"ဒါဆို ဘာလို့ချေမိုးနေတာလဲ နင် အဲ့ဒီအစ်ကိုကြီးကို ကြိုက်တယ်မဟုတ်ဘူးလား"

"ကြိုက်တော့ကြိုက်တာပေါ့ ဒါပေမယ့် သူကမှငါ့ကိုရှောင်ခဲ့တဲ့ဥစ္စာ ပြီးတော့ ကိုယ်တိုင်ကငပွေငရှုပ်ကြီးလုပ်နေပြီး ငါ့အသံကြားမှ သူတော်စင်ကြီးလိုရှောင်ရှားနေတာ တကယ်.. တကယ်"

"ဘာတကယ်လဲ"

"ဇွတ်ဖြူစင်"

"ဘာနေနေဟယ် ဟိုကလည်းနင့်ကိုကြိုက်နေတာပဲဥစ္စာ ဘာလို့ချေမိုးနေဦးမှာလဲ"

ထွေးပြောတာလည်း ဟုတ်သလိုလိုရှိကာ သူလည်းသဘောကျ၊ ကိုယ်လည်းသဘောကျနေသော ဤအခြေအနေမှာ သူမဘာကြောင့် ချေမိုးနေမိတာလဲ။
တကယ်ဆို ခေါင်းညိတ်လိုက်သင့်တယ်မဟုတ်လား...

"အဲ့ဒါတော့ဟုတ်ပါတယ် ဒါပေမယ့်ဟာ ငါမကျေနပ်တာတော့အမှန်ပဲ"

"ငြိမ်းနော် နင်မူမနေနဲ့ ကြိုက်ရဲ့သားနဲ့"

သူမနှာခေါင်းရှုံ့လိုက်မိကာ ကြိုက်တော့ကြိုက်ပေမယ့် မကြိုက်ချင်တော့တာကို ဘယ်လိုပြောရမလဲမသိ။
ထိုအစ်ကိုကြီးဟာ ဖုန်း၊ မက်ဆေ့၊ viberကအစ blockထားသောကြောင့် လူကိုယ်တိုင်ရောက်လာတတ်ကာ အတန်းရှေ့ကိုလည်းလာတတ်သည်။
အဆောင်ရှေ့က လက်ဖက်ရည်ဆိုင်ကိုလည်း လာတတ်သည်။
သို့ပေမယ် သူ့ကိုစကားပြန်မပြောချင်သလို ကိုယ်ခံစားခဲ့ရသည့်အတိုင်း မအီမလည်ကြီးဖြစ်စေချင်ပါသည်။

အခုလည်း အဆောင်ရှေ့ကလက်ဖက်ရည်ဆိုင်မှာ စားစရာတစ်ခုခုလာဝယ်တုန်း ဘယ်နေရာကစောင့်ကြည့်နေလဲမသိသော ထိုလူကြီးက ချက်ချင်းရောက်လာ၏။
အတန်းရှေ့မှာ ပေးဖို့ပြင်ခဲ့သော ဂိမ်းစက်ကလေးကိုပဲ ကိုင်ထားပြီး အကြည့်ကတော့ တောင်းပန်လိုသောအကြည့်တွေဖြစ်သည်။

"အမ်း! ငါ ကိုကိုနဲ့ဖုန်းပြောလိုက်ဦးမယ်"

အရင်က သူမ,လုပ်ခဲ့သည့်နည်းအတိုင်း ထွေးကရှောင်ထွက်သွားကာ သူမမှာသာ ဒီလူအစုတ်ပလုတ်ကြီးနှင့် ကျန်ခဲ့ရသည်။
ထို့ကြောင့် မျက်နှာကိုတမင်တင်းမာပစ်လိုက်တော့ ထိုလူက အပြုံးတစ်ချက်ဖြင့် ဂိမ်းစက်ကိုလှမ်းပေးလာပြန်သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now