29 Unicode

27.2K 753 22
                                    

🍒 Part - 29 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

စာမေးပွဲရက်တွေရောက်လာသည့်အခါ တက္ကသိုလ်စာမေးပွဲကို မကြုံဖူးသေးသောကြောင့် အထိတ်တလန့်ဖြစ်နေသည့်ထွေးကို ကိုကိုကပြုံးစိစိဖြင့်ကြည့်ရင်း ခေါင်းခါနေ၏။
စာမေးပွဲခန်းမရောက်ခင်အထိ စာအုပ်ကို တကြည့်ကြည့်ဖြစ်နေလိုက်၊ ပါးစပ်ကလည်း ဂါထာရွတ်သလို တဖွဖွရွတ်နေလိုက်မို့ အထက်တန်းကျောင်းသူလေးလို ဖြစ်နေမှာသေချာပါသည်။
ကိုကိုက စာအုပ်ကိုငုံ့ကြည့်လိုက်၊ ထွေးကိုပြန်ကြည့်လိုက်ဖြင့် သာသာယာယာဖြစ်နေ၍ အမြင်လည်းကတ်သွားမိကာ ကိုကို့ရင်ဘတ်ကြီးကို ဘုတ်ခနဲထုပစ်လိုက်သည်။

"ကိုကိုက စာတကယ်ကျက်တာ​ရော ဟုတ်ရဲ့လား"

"ကျက်စရာမလိုပါဘူး ICလေကွာ Formulaတွေ အချိုးအဆတွေသိရင် ရနေတာပဲကို"

"လွယ်လိုက်တာ သူတို့ကျ"

"အဲ့ဒါဆိုဘာလို့ICမယူလဲ"

"ကိုကို့ကို Physicsမှတ်လို့ ယူလိုက်တာ"

ထွေးရဲ့အဖြေကြောင့် ကိုကိုက သဘောတကျရယ်ကာ ထွေးဆံပင်တွေကို တယုတယဆွဲဖွလာသည်။
ဂျီကျချင်၍သာ ဂျီကျနေပေမယ့် ထွေးမှတ်မိသလောက်ဆို ကိုကိုက ဟိုးငယ်ငယ်လေးကတည်းက စာကောင်းကောင်းမလုပ်သလို အိမ်စာတွေပါလာလျှင်လည်း ထွေးကိုကူးခိုင်းတတ်သူဖြစ်သည်။
သူကတော့ ပုဆိုးခါးတောက်ကျိုက်ကာ ဘောလုံးသွားကန်နေကျမို့ စာလုပ်တာလည်းသိပ်မရှိခဲ့။

သို့ပေမယ့် စာမေးပွဲကျသည်လို့တော့ တစ်ခါမှမကြားခဲ့ဖူးတာမို့ ကိုကို့ရဲ့ဉာဏ်ကောင်းပုံက ဩချစရာတော့ကောင်း၏။
အခုလည်း အရင်လိုဉာဏ်ကောင်းနေဆဲပဲလား၊ ဒါမှမဟုတ် ထွေးကိုသင်ပေးထားသလို စာမေးပွဲပြီးမှ ဆရာမတွေကိုလိုက်ကန်တော့မှာလား…

"ဆရာမတွေကို ကန်တော့ရင် တကယ်အောင်လားဟင်"

"ကျစ်! ဒီဟာလေးက မဟုတ်တာတွေးနေပြန်ပြီ ကိုယ့်ဘာသာ အရင်ဖြေကြည့်စမ်းပါကွာ မေးခွန်းတွေကလွယ်ပါတယ် ဒီနေ့မြန်မာစာဖြေမှာမလား..
'ရွှေရုပ်သွင်'ကဗျာကို စကားပြေပုံစံနဲ့ရေးခိုင်းလိမ့်မယ် ကြည့်နေ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now