18

18K 757 56
                                    

🍒 Part - 18 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဘာဖြစ်နေတာလဲ"

စိတ်ပူသောမေးခွန်းတွေကို သေသေချာချာကြားနေရသော်ငြား သူဘာမှပြန်မဖြေမိဘဲ ဘီယာခွက်ထဲရှိ အမြှုပ်လေးတွေကိုသာ စူးစိုက်ကြည့်နေမိသည်။
ဘာကြောင့်လဲဟုမေးလျှင်တော့ စိတ်လေနေမိတာဟုသာ သူဖြေမိမှာဖြစ်ပြီး ကိုယ်ခံစားနေရခြင်းဟာ ဘယ်သူ့အပြစ်လဲ…
အချစ်တွေ သူ့နောက်ကိုလိုက်နေစဥ်ကရော၊ Sexကိစ္စနှင့် အပျော်အပါးနောက် လိုက်နေခဲ့စဥ်ကရော ဒါတွေကို သူမှမတွေးမိခဲ့ဘဲ…

"ညီမလေးက မယူလိုက်ဘူးလား"

သူ့ကိုစ,နောက်ရင်း ညီမလေးဆိုသောနာမ်စားဟာ သူရိန်တို့ပါးစပ်ဖျားမှာ စွဲမြဲနေခဲ့ပြီဖြစ်သလို ထိုညီမလေးဟာ သူ့ရင်ဘတ်ထဲမှာလည်း နေရာတစ်ခုရှိနေပြီဖြစ်သည်။
ထိုနေရာဟာ ခဏလား၊ တစ်ဘဝလားဟု ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ဖို့ကြိုးစားနေချိန် ခပ်ပြင်းပြင်းရိုက်ချခံလိုက်ရသလို သူ့မှာနာလန်မထူခဲ့။
သူမ ဘယ်အချိန်ကတည်းက ဒီလိုအထင်သေးနေခဲ့တာလား…
ကိုကို့ကိုချစ်တယ်လို့ ပြောပြီးမှလား၊ မပြောခင်ကတည်းကလား…

"ငဆက်"

"ငြိမ်ငြိမ်နေကြစမ်းပါကွာ ငါစကားမပြောချင်ဘူး မင်းတို့မသောက်ချင်ရင်လစ်တော့"

"မလစ်ပါဘူး မင်းစိတ်ညစ်နေတာသိနေတဲ့ဟာ"

"အဲ့ဒါဆိုလည်းပါးစပ်ပိတ်ထားကွာ"

"အဲ့လိုလည်းမပိတ်ချင်ပါဘူး မင်းအဆင်မပြေတာရှိရင် ပြောလေ ငါတို့ပါကူပြီး ဖြေရှင်းလို့ရချင်ရမှာပေါ့"

"အေးလေ"

သူ နှုတ်ဆိတ်သွားမိပေမယ့် ခေါင်းကို အသာအယာခါယမ်းပြလိုက်ပြီး ဘီယာခွက်ကိုလှမ်းယူလိုက်သည်။
ဆိုးခဲ့တုန်းက သူတစ်ယောက်တည်းဖြစ်သလို ပျော်ခဲ့တုန်းကလည်း တစ်ယောက်တည်းပဲမို့ စိတ်ညစ်စရာမှတော့ ဒီကောင်တွေကိုဖွင့်မပြောချင်။
ကိုယ်လုပ်ခဲ့သည့်ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေမို့ ကိုယ်တစ်ယောက်တည်းသာ ဖြေရှင်းချင်သည်။

"မင်း တကယ်ကြီးလွှင့်ပစ်ခဲ့တာလား ဟိုလက်စွပ်ကို"

"အင်း"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတOù les histoires vivent. Découvrez maintenant