1

31.3K 586 13
                                    

🍒 Part - 1 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကို"

ထွေးရဲ့ခေါ်သံကြောင့် ကိုကိုကလှည့်ကြည့်လာတော့ ချောမွေ့နေသောကိုကို့မျက်နှာကြောင့် ပြောဖို့စိတ်ကူးထားသည့် စကားတွေ ပျောက်ရှသွားသလိုပင်။
ကိုကို့ရဲ့အကြည့်တွေက ထွေးကို ပိုပြီးရင်ခုန်စေကာ ထွေးပြောရမည့်စကားအတွက်လည်း ကြိုပြီးကြောက်ရွံ့နေမိသည်။

"Omm"

"ထွေး ကိုကို့ကိုလက်ဆောင်ပေးချင်လို့ပါ"

"ပေးလေ"

ငြင်းမည်ဟုထင်ထားပေမယ့် ကိုကိုက လွယ်လင့်တကူလက်ခံသောကြောင့် ထွေးစိတ်ထဲပျော်သွားပြီး လက်ထဲကဘူးလေးကို ကိုကို့ဆီလှမ်းပေးလိုက်သည်။
ကိုကိုက ခပ်လျှမ်းလျှမ်းအပြုံးတစ်ချက်ဖြင့် ထွေးရဲ့လက်ဆောင်ကိုလှမ်းယူကာ ချက်ချင်းဖွင့်ကြည့်သောကြောင့် ထွေးရှက်သွားမိသည်။
ဘူးထဲမှာ ထွေး ကြိုးစားပမ်းစားခေါက်ထားသော အသံပုံလေးတွေရှိနေသည့်အပြင် ကိုကို့အတွက် သော့ချိတ်ကလေးတစ်ခုရယ်၊ ချောကလက်တစ်တောင့်ရယ်၊ စာလေးတစ်စောင်ရယ်သာ…

"ဘာတွေများလဲ ငါ့ညီမရယ်"

"Valentineနားနီးပြီလေ ကိုကို့ကိုဘယ်သူမှမပေးခင် ထွေးကအရင်ပေးချင်လို့ပါ"

"Aww"

ကိုကိုက ပြုံးရုံသာပြုံးပြီး ထွေးခေါင်းလေးကို အသာလေးပုတ်ခတ်ပြီး ချောကလက်တောင့်လေးကိုယူကာ ဘူးကိုပြန်ပိတ်လိုက်၏။
ချောကလက်ပြား၏ ရွှေပတ်ကိုခွာနေသော ကိုကို့လက်ကလေးတွေက ဖြူဖွေးသွယ်လျနေကာ ထွေးရဲ့လက်တွေထက်တောင် လှနေသေးသည်။

ကိုကိုက ထွေးနဲ့အသက်ချင်းမတူသလို အတန်းချင်းလည်းမတူပါ။
ထွေးက ၇တန်းကျောင်းသူဖြစ်ပြီး ကိုကိုက ၁၀တန်းကျောင်းသားဖြစ်ကာ ကိုကို့ရဲ့ချောမောပုံက တစ်ကျောင်းလုံးမှာနာမည်ကျော်ဖြစ်သည်။
ကိုကိုက စာလည်းတော်သလို ရည်းစားလည်းများပြီး Valentineမှာဆို လက်ဆောင်တွေ တပုံတပင်ကြီးရတတ်သူ…

"Omm ကောင်းသားပဲ နင်လည်းစား.. အထွေးလေး"

"ဟုတ်"

ကိုကိုခွံ့ကျွေးလာသော ချောကလက်ပိုင်းလေးကို အယောင်ယောင်အမှားမှားဖြင့် ထွေးစားလိုက်ပြီး ကိုကိုခွံ့ကျွေးသောကြောင့် မြိုတောင်မချရက်ခဲ့။
ကိုကိုဟာ ထွေးအပေါ် ထိုမျှအထိလွှမ်းမိုးထားနိုင်သူဖြစ်သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now