23

21.1K 719 43
                                    

🍒 Part - 23 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အဖြစ်အပျက်တွေသည် ထင်မှတ်မထားသော အချိုးအကွေ့တွေလို လုံးဝပြောင်းပြန်ကြီးဖြစ်သွားခဲ့ကာ ကိုကိုသည် ကျောင်းသွားခါနီးတိုင်း ထွေးဆီရောက်လာတတ်သည်။
ကျောင်းကပြန်ခါနီးလျှင်လည်း အတန်းရှေ့ရောက်လာတတ်ကာ အဆောင်ကိုဝင်ပို့ပြီးမှ ပြန်သွားလေ့ရှိသည်။
ကိုကိုသည် အတူရှိနေသည့်အချိန်တိုင်း ထွေးကိုဂရုစိုက်ကြင်နာတတ်ပေမယ့် ဒါဟာအချစ်ပါလားဟု ထွေးမခံစားတတ်သလို အစစ်အမှန်ရောဟုတ်ရဲ့လားဟု တွေဝေနေမိစမြဲ။

"ရေခဲမုန့်စားရအောင်လေ ကိုကို"

"စောစောကမှမိုးရွာထားတာကို"

"မိုးရွာတာနဲ့ မစားရတော့ဘူးလား"

"မင်းခြေထောက်တွေရေစိုထားတယ်လေ မစားရဘူး"

ဟု လေသံပြတ်နှင့် ပြောလေ့ရှိသည့်အတိုင်း လက်ရှိမှာလည်း ကိုကိုက ဆက်ပြောနေဆဲဖြစ်သည်။

"ငါ ဘယ်သူ့ကိုမှမနူးညံ့တတ်ဘူး ထွေး စိတ်တိုအောင်မလုပ်စမ်းနဲ့"

ထွေးက ကိုကို့ရည်းစားမဟုတ်ဘူးလား…
ထွေးအတွက်တော့ ကိုကိုက VVIPလူသားအဖြစ် ကိုကိုမကြိုက်သည့်အရာတွေကိုရှောင်၊ ကိုကို့သဘော ကိုကို့ဆန္ဒနှင့်သာ နေခဲ့ပေမယ့် ကိုကိုကတော့…

"ဘာဖြစ်သွားတာလဲ အဲ့ဒါ"

ထွေးခေါင်းလေးခါပြလိုက်ရင်း ညှိုးနေမိသောမျက်နှာကို ပြန်ပြင်လိုက်ကာ ကိုကို့ကိုပြုံးပြလိုက်သည်။
ထွေးမျက်နှာကိုကြည့်နေပေမယ့် ဤအပြောင်းအလဲတွေကိုလည်း ကိုကို ဂရုစိုက်မိပုံမရပါ။
ကိုကိုမမြင်အောင် ရေခဲမုန့်ရေခဲသေတ္တာကြီးဆီ နှမျောတသစွာငေးမိရင်း ကိုကို့အလစ်မှာမှ တဝကြီးဝယ်စားပစ်ဦးမည်ဟု ကြိတ်ဆုံးဖြတ်လိုက်သည်။

"မမ သား ထမင်းမစားရသေးလို့ မုန့်ဖိုးလေးပေးပါ"

ထွေးအင်္ကျီစကိုဆွဲကာ ပေတိပေစုတ်ကလေးလေးက ခွက်ကလေးတစ်လုံးဖြင့် တောင်းလာသည့်အခါ ထွေးသည် ကလေးလေးကိုငုံ့ကြည့်လိုက်မိသည်။
ကလေးလေးကိုလည်း သနားသွားမိသလို အကြွေရှိတာကိုလည်း သတိရလိုက်၍ ကျောပိုးအိတ်ထဲနှိုက်ကြည့်နေတုန်း ကိုကိုက ထိုကလေးလေးကို စူးခနဲကြည့်ကာ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတМесто, где живут истории. Откройте их для себя