40

23.2K 820 36
                                    

🍒 Part - 40 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

သင်္ကြန်ပြီးသည့်နောက်ပိုင်းတွင် အရာရာဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပေမယ့် ငြိမ်းတစ်ယောက်ကတော့ ဂိမ်းကို လုံးဝဖျက်ပစ်လိုက်သည်အထိ စိတ်နာသွားလေသည်။
ထွေးသိရသလောက် Viberမှာလည်း ဟိုဖုန်းနံပါတ်ကို BLထားပြီး ထုံးစံအတိုင်း ဥပဒေစာအုပ်တွေကြား ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။

"နင် အခုလိုပြတ်သားတာ ငါတကယ်ဝမ်းသာတယ် ကောင်မ"

ထွေးကသာ ဝမ်းသာအားရပြောမိပေမယ့် ငြိမ်းကတော့ မျက်မှောင်ကုတ်ကာ ဘာမှပြန်မပြောဘဲ သူမ၏တရားစီရင်ထုံးဆိုသည့် ဥပဒေဆိုင်ရာစာအုပ်ကြီးဘက် လှည့်သွားလေသည်။
သို့ပေမယ့် ထိုခံစားချက်ကိုသိနေသောကြောင့် ငြိမ်းခါးလေးကို ကျောဘက်မှဖက်ကာ ပခုံးပေါ်မေးတင်ထားရင်း ငြိမ်နေလိုက်တော့ ငြိမ်းက အရင်လိုစွာကျယ်ကျယ်ဖြင့် ရန်တွေ့လာလေသည်။

"ဖယ်စမ်းဟ ပူတယ် ကောင်မစုတ်"

"ဖယ်ဘူး"

"အခုမှငါ့လာကပ်မနေနဲ့ ငါ့မှာ Tattooတွေလည်းမရှိဘူး အသားလည်းမဖြူဘူး နာမည်ချင်းလည်းတခြားစီပဲ"

"အေးပါ ကိုကိုချောမှန်းသိပါတယ် နင်စိတ်ညစ်နေမှာစိုးလို့ပါ"

"တော်ပြီ အဲ့ဒီဂိမ်းထဲကကောင်က ဆောင်းအိမ်မက်ပဲ ခဏလေးဝင်တိုက်ခတ်လာတဲ့ နွေဦးလေပြေပဲ လမ်းကြုံလို့ဝင်နားမိတဲ့ ဇရပ်တစ်ဆောင်ပဲ"

"ရှေ့နေမ သိပ်စကားတွေတတ်နေပါလား အဟိ! ထားပါ ကျောင်းအပ်ပြီးပြီလား"

"မအပ်ရသေးဘူး"

"အဲ့ဒါဆို လိုတာတွေလုပ်ပေး ငါ ကိုကို့ကိုကျောင်းအပ်ခိုင်းမလို့"

"Omm"

Second Semesterသည် ပထမတစ်ဖြတ်လိုမဟုတ်ဟု ကိုကိုကကြိုပြောခဲ့ဖူးသည်။
ခုံနံပါတ်နှင့် အတန်းနေရာတွေ ပြောင်းလဲသွားမည်၊ သင်ခဲ့သောဆရာ၊ ဆရာမတွေပြောင်းလဲသွားမည်၊ ပထမတစ်ဖြတ်ကသုံးခဲ့သော ကျောင်းစာအုပ်တွေပြောင်းလဲသွားမည်တဲ့…
ထို့ထက်ပိုပြီး ရင်ခုန်ရသည်က Second Semesterတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိသလို စာမေးပွဲပြီးလျှင် Dinnerတွေလည်းရှိသည်တဲ့…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now