53

20K 693 38
                                    

🍒 Part - 53 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းသေချာစဥ်းစားပြီး လုပ်စမ်းပါ ထွေးပွေ့ရယ် ငါတို့ထက်နင်က ပိုအသိဆုံးဖြစ်မှာပါ ငဆက်မကြိုက်တာကို မလုပ်ချင်စမ်းပါနဲ့"

"အခုလည်းကိုကိုမှမသိတာ"

"ဘယ်လိုမသိတာလဲ"

"ထွေးက အဲဲ့ဒီPageကိုင်တဲ့သူကို အကူအညီတောင်းပြီး ကိုကို့Fb accကိုBanထားတယ်"

"Pageတိုင်းကနေ အဲ့လိုbanနိုင်မှာလား မင်း ဒီ့ထက်နာမည်ကြီးလာလေ Pageပေါင်းစုံကတင်လေပဲ.. နောက်ဆိုMediaတွေလည်း ပါလာလိမ့်မယ်
ဘာလဲ ငဆက်က မင်းShowလျှောက်နေတုန်း စင်ပေါ်ကနေဆွဲမချရဲဘူးလို့ ထင်နေတာလား"

"မထင်ပါဘူး"

"အေး.. မထင်နဲ့ ငဆက်ကတကယ်လုပ်မှာ မင်းအရှက်ကွဲတာပဲအဖက်တင်လိမ့်မယ် ဘယ်လိုစိတ်ကူးနဲ့များ Modelထလုပ်တာလဲ"

"ဒီအတိုင်းလာကမ်းလှမ်းလို့ စိတ်ကူးလိုက်မိတာ အန်တီပုလဲကလည်း လုပ်ဖို့အားပေးတယ်လေ"

"အဲ့ဒါဆိုလည်း မင်းတို့သမီးယောက္ခမ ဒီကောင် ထသောင်းကျန်းရင်ဖြေရှင်းဖို့ နည်းလမ်းပါရှာထား"

ကိုသူရရဲ့စကားတွေက နားထဲအစီအရီဝင်လာခဲ့ကာ ဒါတွေဟာအမှန်ပဲမို့ ထွေးမျက်နှာလေးလွှဲရင်း လေယာဥ်ပြတင်းမှတစ်ဆင့် တိမ်စိုင်တွေကိုငေးကြည့်ပြီး သက်ပြင်းလေးချမိသည်။
Bossက မျက်နှာသစ်Modelတစ်ယောက်အဖြစ် ပစ္စည်းတွေကိုကြော်ငြာချင်နေပြီမို့ ထွေးကိုပွဲထုတ်လာခြင်းဖြစ်ပြီး နုနုငယ်ငယ်မျက်နှာလေးဟာ Skin careကြော်ငြာဖို့ အကောင်းဆုံးမဟုတ်လား…

Tokyoမြို့ပေါ်သို့ရောက်သောအခါ ဇာတ်ကားထဲမှာသာမြင်ဖူးသောTokyoသည် ဒီလိုခမ်းနားသောမြို့ကြီးလားဟု ပါးစပ်အဟောင်းသားလေးဖြင့် ထွေးငေးမိလေသည်။
ဒီနေရာမှာ ကိုကိုရှိနေသည်ဆိုသော အတွေးဖြင့် ထွေးရင်ထဲနွေးထွေးလာကာ တသိမ့်သိမ့်ခုန်မိသော ရင်ခုန်သံတွေဖြင့် ပြုံးနေမိတော့သည်။
Immigrationကထွက်ခွင့်ရသည်နှင့် ထွေးသည် ကျီးကန်းတောင်းမှောက်လိုက်ရှာမိသည်က ကိုကို့ကိုဖြစ်ပြီး လူအများကြီးကြားမှာ ဘယ်လိုရှာရမလဲ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now