45

16.6K 807 72
                                    

🍒 Part - 45 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

နေပူလိုက်၊ မိုးရွာလိုက်ဖြင့် ကျောင်းဖွင့်ရက်တွေသည် တအိအိကုန်ဆုံးလာခဲ့ကာ ဒီSemesterမှာတော့ ကိုကို့အကူအညီဖြင့် ရန်ကုန်တကြောကို နေရာအနှံ့ရောက်ဖူးခဲ့ပြီဖြစ်သည်။
ထွေးအတွက် ရင်အခုန်ရဆုံး၊ စိတ်အကြည်နူးရဆုံးအချိန်က နေဝင်ချိန်တွင် သန်လျင်တံတားပေါ်မှာ ကားအမိုးဖွင့်ပြီးစီးရသောအချိန်ဖြစ်သည်။
ထိုအချိန်တွေတိုင်း ထွေးမှာ ကားပြတင်းဘောင်မှာမေးလေးတင်ရင်း လေနုအေးလေးတွေ မျက်နှာကိုလာဟပ်သည့်အရသာကို နှစ်နှစ်ခြိုက်ခြိုက်ခံစားမိစမြဲ။

"ပျော်လား သည်း"

"ဟုတ်"

ထွေးခေါင်းညိတ်တိုင်း ကြည်နူးစွာပြုံးသွားတတ်သော ကိုကို့မျက်နှာသည် လေနုအေးတွေလိုပင် ထွေးအတွက်နှစ်ခြိုက်စရာအတိသာဖြစ်ပါ၏။
ကိုကို့ရဲ့အဖေ ဦးဦးအလုပ်လုပ်သော သီလဝါဆိပ်ကမ်းကိုရောက်တိုင်းလည်း ကျယ်ပြန့်သော ထိုဆိပ်ကမ်းကြီးမှာ ပြေးလွှားခုန်ပေါက်နေကျဖြစ်သည်။

အန်တီပုလဲနှင့်အတူသွားရသော ရွှေတိဂုံဘုရား၊ ဆူးလေဘုရားတွေသည်လည်း ကြည်ညိုသပ္ပါယ်စရာကောင်းသလို ထွေးကိုဓာတ်ပုံရိုက်ကြသူတွေလည်း အများကြီးဖြစ်သည်။
ထိုအခါတွေတိုင်း အန်တီပုလဲက ထွေးကိုချစ်မြတ်နိုးသောအကြည့်တွေဖြင့် ကြည့်တတ်သလို ထွေးအတွက် ဂုဏ်ယူနေဟန်ကလည်း အထင်းသား…

"Just like a doll"

ဟု ချီးကျူးသံတွေကြားရတိုင်း daughter in lawဟု ပြန်ဖြေတတ်လေသည်။
ပထမSemesterမှာ အိမ်နှင့်ဝေးနေခဲ့သည့် အလွမ်းတွေဖြင့် အသားမကျခဲ့သေးပေမယ့် ဒီတစ်ဖြတ်ကတော့ ထွေးသည် မြို့ပြမှာနေထိုင်တတ်ခဲ့ပြီဖြစ်သည်။

"ဆံပင်အရောင်ဆိုးချင်တယ်"

"ဘာလို့ဆိုးမှာလဲ သည်းကလည်း.. ဒါလေးနဲ့ပိုလှတယ်"

"လိမ္မော်ရောင်လေး"

"လိမ္မော်နဲ့သိပ်မလိုက်ဘူး ဆံပင်က ဒုတိယမျက်နှာပဲ သည်းရဲ့ အခုအရောင်ဆို အဝါဖျော့လေးလည်းပါတော့ မင်းမျက်နှာလေးကပိုပြီးဝင်းစက်နေတာ လိမ္မာတယ်နော် မဆိုးရဘူး"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now