51

19.2K 759 45
                                    

🍒 Part - 51 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းက ဘာလို့သင်တန်းမတက်ဘဲပြန်သွားတာလဲ"

"ကျွန်တော်ကမှ Modelမဖြစ်ချင်တာ ရှေ့နေလုပ်မယ့်ဟာကို"

"ဒါပေမယ့် လှလှပပလေးနေတတ်သွားတာပေါ့ မကောင်းဘူးလား"

"လှတာကြိုက်ရင် လှတဲ့ကောင်မလေးကိုသွားကြိုက်.. ခင်ငြိမ်းချမ်းကအရင်ကတည်းက လှတဲ့သူမဟုတ်မှန်းသိတယ်မလား ဘာလို့လာကြိုက်လဲ"

"မဟုတ်ဘူးလေ ဘယ်ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ကောင်မလေးကိုတော့ လှစေချင်တာပဲ ငြိမ်းကလည်း"

"ခင်ဗျားတို့ယောကျာ်းတွေက အဲ့ဒါဘာအထာလဲဟင် ကိုယ့်ဘာသာကိုယ်နေတဲ့သူကို အားအားယားယားလာကြိုက်တယ် ပြီးရင်လှစေချင်လို့ဆိုပြီး ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်း"

ဘာမဟုတ်တာလေးကို ချက်ချင်းပြဿနာထရှာသောငြိမ်းကြောင့် တစ်ခါတစ်လေတော့လည်း စိတ်ညစ်မိကာ သူမသည် ဘာလို့တလွဲတွေကိုပဲ တွေးတတ်သလဲမသိ။
ယောကျာ်းလေးတိုင်းဟာ ကိုယ့်ချစ်သူကိုလှစေချင်ပြီး ထိုအလှလေးကိုမြင်ရလျှင် မောလို့မောမှန်းမသိ။

သူလည်း ယောကျာ်းထဲကယောကျာ်းပဲမို့ ကိုယ့်ချစ်သူလေး လှလှပပဝတ်စားနေတာမျိုး မြင်ဖူးချင်သည်။
သို့သော် ဤကျားမလေးကတော့ တစ်ခါမှမိန်းကလေးမဆန်ဖူးသလို ပြောမိသည့်သူ့ကိုလည်းရန်ရှာနေသောကြောင့် ဘယ်လိုရှင်းပြရမှန်းလည်းမသိ။

"အခုဟာက မင်းကိုဇွတ်လုပ်ခိုင်းနေတာမဟုတ်ဘူးနော် မင်းတစ်ခါတစ်လေလောက် မိန်းကလေးဆန်ဆန်မနေချင်ဘူးလား အလှအပ မမက်ဘူးလား"

"မမက်ဘူး ကျွန်တော့်ခေါင်းထဲရှိနေတာ စာပဲ တကယ့်အလှစစ်ဆိုတာ နှလုံးသားနဲ့အရည်အချင်းမှာပဲရှိတယ် မျက်နှာမှာမဟုတ်ဘူး ခန္ဓာကိုယ်ပေါ်မှာမဟုတ်ဘူး"

"ဟ!"

"ခင်ဗျား မျက်နှာလေးလှမှ ခန္ဓာကိုယ်လေးလှမှကြိုက်ချင်ရင် လစ်"

"ဘယ်လစ်ခိုင်းပြန်ပြီလဲ ပြီးရင်မင်းပဲ ငါဘာလုပ်မိပြန်ပြီလဲဆိုပြီး ခေါင်းကိုထုမလို့လား"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now