37

18.6K 794 43
                                    

🍒 Part - 37 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အကြတ်နေ့မှာလည်ဖို့ ကားငှားထားသောကြောင့် ဒီနေ့တော့ သူရိန်တို့အိမ်မှာပဲလူစုလိုက်ကြကာ သူ့အသည်းလေးကတော့ မပါမဖြစ်။
ဒီနေ့လည်း အနီရောင်တီရှပ်လေးကို ဂျင်းဘောင်းဘီအနက်ဖြင့် တွဲဝတ်ထားကာ ကြိုးသိုင်းညှပ်ဖိနပ်လေးနှင့်သာဖြစ်ပြီး အရိုးရှင်းဆုံးစတိုင်လ်လေးကပဲ သူ့အတွက်အလှဆုံးဖြစ်သည်။
ဆံပင်တွေကိုတော့ မနေ့ကလိုပဲကျစ်ဆံမြီးကျစ်ထားကာ ဒီနေ့တော့ ဘာပန်းမှပန်မထားချေ။

"ကိုကို ဒီနေ့ဘီယာနည်းနည်းသောက်လို့ရမလား"

"ရတယ်"

ချက်ချင်းပြန်ဖြေသော သူ့စကားကို ထွေးကမယုံသင်္ကာဖြင့် မော့ကြည့်လာကာ မျက်စောင်းလေးချီသွားလေသည်။
ပြီးမှ သူ့ဗိုက်ကိုဆွဲလိမ်ပစ်ကာ အံကြိတ်သံလေးဖြင့်...

"အရမ်းချမ်းနေတုန်း ဘီယာသောက်ရင် အချမ်းပြေတယ်တဲ့ အဲ့ဒါကြောင့်သောက်ချင်တာ"

"အင်းလေ သောက်လို့ပြောနေတာကို"

"ကိုကိုက ဘာလို့ချက်ချင်းကြီးဖြေတာလဲ အကြံတစ်ခုခုရှိတယ်မလား"

"မရှိပါဘူး"

"ထွေးကိုတည့်တည့်ကြည့်ပြီးပြော"

ဆိုကာ သူ့မေးဖျားကိုဖိဆုပ်ပြီး မျက်နှာကိုကြည့်စေတော့ သူ ပိုပြီးရယ်ချင်လာခဲ့သည်။
ဘီယာတိုက်ဖို့ စိတ်မကူးမိပေမယ့် ထွေးဆီကသောက်ချင်သည်ဆိုသော စကားကြောင့် သူမ,မူးသွားခဲ့ပါလျှင် ဟိုတစ်ခါကလို ကိုကို့ကိုဒိမ်းမယ်ဟုများ ပြောလေမလားဟု မျှော်လင့်သွားမိတာအမှန်...

"နည်းနည်းတော့ရှိတယ်"

"ဟွန့်! သူများမူးသွားရင် အခွင့်အရေးယူမလို့မလား"

"အခွင့်အရေးပေးမလို့ပါ ကိုကို့ကိုဒိမ်းခွင့်"

"ကိုကိုနော် အကြတ်နေ့ကြီးဘာတွေပြောနေတာလဲ သိကြားမင်းက မှတ်သွားရင် ဘယ်လိုလုပ်မလဲ"

ကြည့်... ဘယ်လောက်ကလေးဆန်တဲ့ဟာလေးလဲ...
နဖူးပေါ်ပါးပါးလေးကျနေသော ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး ပါးအိအိလေးကိုဆွဲဖဲ့ပစ်လိုက်ကာ သူမနှုတ်ခမ်းလေးကိုပါ ငုံ့နမ်းလိုက်မိသည်။
အကြတ်နေ့ဖြစ်ရုံမကလို့ ဘာနေ့ကြီးပဲဖြစ်ဖြစ် သူ့ဘက်က အဆင်သင့်ဖြစ်ပေမယ့် သည်းဟာ စိတ်ပါပုံမရသောကြောင့် ထပ်မပြောချင်တော့...

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now