48

18K 663 45
                                    

🍒 Part - 48 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဒီနေ့ဟာ လက်တွေ့စစ်ဆေးမှုမို့ ကိုကိုက ထွေးကိုမခေါ်တော့ဘဲ တစ်ယောက်တည်းသာထွက်သွားသောကြောင့် အဆောင်မှာ ထွေးတစ်ယောက်တည်းသာကျန်နေခဲ့သည်။
အတန်းလည်းသွားမတက်ချင်သလို ပျင်းလည်းပျင်းနေသောကြောင့် ဖုန်းကိုလှမ်းယူလိုက်တော့ ဖုန်းရဲ့ကာဗာထဲမှာ ထည့်ထားသော visiting cardကိုတွေ့လိုက်၏။

အနက်ရောင်ပေါ်မှာ Joy Entertainmentဟု ရွှေရောင်စာလုံးလှလှတွေဖြင့် ရေးထားသောကြောင့် ပိုပြီးကြည့်ကောင်းနေသလိုပင်။
ဒီEntertainmentအကြောင်း သိချင်သွားသောကြောင့် လိုင်းဖွင့်လိုက်ပြီး Facebookမှာရှာလိုက်သည့်အခါ videoတစ်ချို့နှင့်အတူ ဓာတ်ပုံတွေလည်းတက်လာ၏။
ထွေးနဲ့ဆုံခဲ့သောလူက တကယ်ပဲFounderဖြစ်ပြီး ဝါသနာရှင်လူငယ်တွေကို မြေတောင်မြှောက်ပေးတတ်သူ…

"ဘာတွေရှာနေတာလဲ"

ရေချိုးခန်းကပြန်လာသော ငြိမ်းကြောင့် ထွေးအကြံရသွားသလို ဖုန်းကိုထောင်ပြလိုက်တော့ ငြိမ်းကငုံ့ကြည့်လာ၏။
ပြီးမှ မျက်နှာလေးလွှဲသွားပြီး အဝတ်လဲကာ ခေါင်းကိုသုတ်နေ၍ ထွေး visiting cardလေးကိုပါ ထောင်ပြလိုက်သည်။

"အဲ့ဒီက Founderဦးလေးကြီးက ငါ့ကို ဒီကဒ်ပေးသွားတာ"

"ဘာလုပ်ဖို့လဲ"

"Modelလုပ်စေချင်လို့တဲ့"

"ဟမ်!"

"သူပြောသွားတာက အများကြီးကွာ အခုသူက တက္ကသိုလ်နောက်ခံနဲ့သီချင်းတစ်ပုဒ် ထုတ်ဖို့ရှိတာ မင်းသမီးရှာမရသေးဘူးတဲ့ ငါကသူလိုချင်တဲ့ပုံစံမျိုးပဲဆိုပြီး"

"ဟာ! တကယ်ကြီးလား ထွေးရယ် ဒီလိုဆိုနင်အရမ်းကံကောင်းတာပေါ့"

"အဲ့လိုလည်းပြောလို့မရပါဘူး ကိုကိုက ငါမလုပ်ရဘူးလို့ပြောထားတယ် ပြီးတော့ ငါလည်းသရုပ်မဆောင်တတ်ဘူး"

"သရုပ်ဆောင်တယ်ဆိုတာက အပြင်မှာ ဖြစ်နေသလိုပါပဲဟာ ကိုဆက်ကဘာလို့မလုပ်ခိုင်းတာလဲ"

"ဘယ်သိမလဲ"

ငြိမ်းက ခေါင်းရှုပ်သွားသလို ဆံပင်တွေကိုခါထုတ်ပစ်ရင်း ထွေးအနားမှာဝင်ထိုင်ကာ ထွေးမျက်နှာကိုသေချာငုံ့ကြည့်လာ၍ စိတ်ရှူပ်သွားမိသည်။
စိတ်ထဲမှာတော့ ဒီဘက်ခေတ်အနေအထားနှင့် ဒီလောကထဲရောက်ဖို့ဆိုတာ သိပ်ခက်ခဲတတ်သောကြောင့် ထွေးသည် စိတ်ဝင်စားသလိုတော့ရှိမိသည်။
သို့သော်လည်း ကိုကိုက မလုပ်ရဘူးဆိုသောကြောင့် စိတ်လည်းမကူးရဲပါ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတHikayelerin yaşadığı yer. Şimdi keşfedin