13

22K 714 30
                                    

🍒 Part - 13 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဟိုကောင် အတန်းပုံမှန်တက်နေပါလား"

စကားသံတွေကြားနေပါလျက် မကြားဟန်ဆောင်နေလိုက်ပြီး စာအုပ်ကိုသာကြည့်နေရင်း လက်ကတော့ ဘောပင်န်ကိုကစားနေလိုက်သည်။
ဒီရက်တွေထဲ အပြင်လည်းသိပ်မထွက်ဖြစ်သလို အီစီကလီလည်းမလုပ်ဖြစ်တော့ဘဲ ဘာကိုမှစိတ်မပါနိုင်တော့ဘဲ တစ်ခုခုပျောက်ဆုံးနေသလို ခံစားမိသည်။
တစ်ခါမှစိတ်မဝင်စားခဲ့ဖူးသော အလျှော့ပေးခြင်းဆိုသည့်အရာကို အမျိုးမျိုးခွဲခြမ်းစိတ်ဖြာနေခဲ့ပြီး ဘာကြောင့်လဲဆိုသည့်အတွေးဖြင့် နေ့နေ့ညညလေနေခဲ့တာ သူသာအသိဆုံးဖြစ်သည်။

"ငဆက်"

"အင်း"

"ငြိမ်လှချေလား ဘာလဲ စော်ပစ်သွားပြန်ပြီလား"

"ငါကအပစ်ခံမယ့်ကောင်လား"

"အေးလေ စော်တိုင်း မင်းကိုပစ်ထားခဲ့ကြတာပဲကိုများ"

"မသိရင်မှတ်ထား နွားရဲ့.. မိန်းကလေးတွေက သူတို့ဘက်ကဖြတ်လိုက်တယ် ပြတ်လိုက်တယ်ဆိုတာမျိုး သိပ်လိုချင်ကြတာ လူစုံရင် အဲ့ဒီကောင်ကိုငါပစ်ထားခဲ့တာလို့ ဂုဏ်ယူချင်ကြတာလေ
ယောကျာ်းတွေကတော့ ပါးတယ် အဲ့လိုဂုဏ်မျိုးမယူကြဘူး သူတို့ဘက်ကပြတ်ချင်လာရင် ကောင်မလေးကို တဖြည်းဖြည်း စိတ်ကုန်လာအောင်ပဲ အမျိုးမျိုးလုပ်ကြတာ ကောင်မလေးဘက်ကဖြတ်သွားရင် ပြီးပြီ"

"ဟ! တကယ်ကြီးလား"

"မယုံလည်းနေပေါ့ ငါက ကိုယ်တိုင်လုပ်ဖူးလို့ပြောတာ"

"အဲ့ဒါကြီးကတော့ မမိုက်ပါဘူးကွာ မင်းက တဖြည်းဖြည်းစိတ်ကုန်လာအောင် လုပ်နေတုန်း သူ့ဘက်က ဘယ်လိုခံစားရမလဲ ဘယ်လိုပူလောင်နေရမလဲ တွေးမကြည့်မိဘူးလား ယောကျာ်းပဲကွာ တစ်ခွန်းတည်းနဲ့ပြတ်လို့ရပါတယ်"

"အဲ့ဒါတော့အဲ့ဒါပေါ့ ဒါပေမယ့် ယောကျာ်းအတော်များများက ဒီနည်းနဲ့ပဲ စော်ဖြတ်ကြတာ"

"အဲ့ဒီကိစ္စပြီးပြီဆိုတော့ မင်းကိစ္စပြောပါဦး ဘာလို့လင်းဒကြီးလို မှိုင်ပြီးငြိမ်ကုပ်နေတာလဲ ခါတိုင်းဆို စာသင်ခန်းစောင့်နတ်ရဲ့ နှင်ထုတ်ခြင်း ခံထားရတဲ့ကောင်က"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now