6

18.1K 596 47
                                    

🍒 Part - 6 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဒီနေ့တော့ အဓိပတိလမ်းပေါ်မှာ တရွေ့ရွေ့လျှောက်လာသည့် ပန်းနုရောင်အရိပ်လေးကို လှမ်းမြင်လိုက်ရ၍ အကြည့်တွေကထိုနေရာဆီကို ရောက်သွားမိသည်။
ချာတိတ်မ,က ရှမ်းဝတ်စုံပန်းရောင်လေးကို ရိုးရိုးလေးဝတ်ထားကာ ကတ္တီပါဖိနပ်အနက်လေးဖြင့် ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တည်းမှာလွယ်ထားသည်။
လက်ထဲမှာတော့ တစ်ရှူးတစ်ထုတ်ပါကာ နှာခေါင်းထိပ်လေးလည်း ရဲနေသောကြောင့် နှာစေးနေဟန်ရှိသည်။

"နေပြန်ကောင်းသွားပြီထင်တယ်"

ရိသဲ့သဲ့စကားကို သူ တမင်ကြားအောင်ပြောနေမှန်းသိသောကြောင့် ဘာမှမပြောဖြစ်ဘဲ ဆော့လက်စဂိမ်းကိုသာ ဆက်ဆော့နေလိုက်သည်။
ကလေးမက ထုံးစံအတိုင်း သူတို့အုပ်စုဆီအကြည့်တစ်ချက်ရောက်လာကာ သူ့ကိုတွေ့သွားပုံရသည့်မျက်လုံးတွေက ပြူးကျယ်သွားလေသည်။
ထို့နောက် ခေါင်းကိုငုံ့ချပြီး တစ်ရှူးဖြင့် မျက်နှာကိုမသိမသာကွယ်ကာ ပင်မဆောင်ဆီကို ခပ်သုတ်သုတ်ထွက်ပြေးသွားတော့၏။

"ကြည့်ရတာ မင်းကိုကြောက်နေပုံပဲ ငဆက်"

"သူကမှ မဟုတ်တာလုပ်ထားတဲ့ဟာ"

"မင်းကလည်း အဲ့လိုမတွေးပါနဲ့ သူကမှကလေးပဲရှိသေးတာကို"

"ငါလည်း ကလေးလို့ပဲတွေးထားတုန်းလေ အဲ့နေရာမှာ ငါမဟုတ်ဘဲ တခြားတစ်ယောက်ဆို ဘယ်လိုလုပ်မလဲ"

"အေးနော ငါသာဆို အခွင့်အရေးယူမိမှာ"

သူရ၏စကားကြောင့် သူမျက်မှောင်ကုတ်သွားကာ ဒင်းကိုလှည့်ကြည့်မိတော့ ပြုံးစိစိမျက်နှာဖြင့် ဟိုကလေးမထွက်သွားရာဆီသို့ လှမ်းကြည့်နေ၏။
သူရဆိုသည့်ကောင်က အရှုပ်ထုတ်သိပ်မရှိသောကောင်မို့ ဒီလိုကောင်ကတောင် ဟိုကလေးမကို သဘောကျနေတာတော့ ထူးဆန်းသည်။
အိစိ အိစိနှင့် ငိုဖို့၊ကြောက်ဖို့သာသိသော ဟိုဟာမလေးမှာ ဘယ်လိုဆွဲအားများရှိနေလို့ပါလိမ့်…

"ဟိုကောင် မင်းမျက်လုံးတွေကိုသိမ်းပြီး ကိုယ့်ဘာသာနေစမ်း"

"အဲ့ဒါတော့ မင်းမဟုတ်တော့ဘူးနော် ငဆက် မင်းဟာကဘာကြီးလဲ ကိုယ်တိုင်လည်းမလုပ် သူများကလုပ်ချင်တော့လည်း.."

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now