26

22.8K 808 63
                                    

🍒 Part - 26 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

နာရီကိုကြည့်မိတော့ ၇နာရီခွဲတော့မှာမို့ ထွက်မလာသေးဘူးလား ဆိုသည့်အတွေးဖြင့် အဆောင်ကိုတစ်ချက်လှမ်းကြည့်မိသည်။
ဒီနေ့ တနင်္လာနေ့မို့ သူမဟာ ၈နာရီခွဲမှာအတန်းတက်ရမည်ဖြစ်ကာ မနက်စာလည်း အတူတူစားချင်သေး၍ စောစောရောက်နေခြင်းဖြစ်သည်။

"ကိုကို"

အသံစူးစူးလေးဖြင့် ခြေသံတစ်ခုကြားလိုက်ရပြီးနောက် သူ့ခါးကိုသိုင်းဖက်ပြီး ရင်ဘတ်မှာပါးလေးကပ်လာသော အသည်းလေး..

"စောင့်နေရတာကြာပြီလားဟင်"

"မကြာသေးဘူး မနက်စာအတူတူစားရအောင်လို့  တမင်စောစောလာလိုက်တာ ညောင်းနေသေးလား"

"ကိုကိုနော်"

သူမမျက်နှာလေး ပန်းရောင်သမ်းသွားသောအခါ ပါးနုနုလေးကိုဆွဲဖဲ့ပြီး နဖူးလေးကိုဖျတ်ခနဲငုံ့နမ်းပစ်လိုက်၏။
Sexကိစ္စကိုမကြုံဖူးတာလည်း မဟုတ်ပါဘဲ သူ့အသည်းလေး ညောင်းနေဦးမလား၊ နာပြီးစပ်နေဦးမလားဟု အတွေးပေါင်းစုံဖြင့် အိပ်မရခဲ့။
ထို့အပြင် နွေးအိသောကိုယ်လေးကို တစ်ညလုံး ဖက်အိပ်ခဲ့ရသောကြောင့် တစ်ယောက်တည်းပြန်ဖြစ်သွားသည့်အခါမှာ ယောင်ချာချာဖြစ်နေခဲ့သည်။

သူမလေးကို ပွေ့ဖက်ပြီးအိပ်ရာဝင်ချင်သည်။
ကိုကို့ကိုဒိမ်းမယ်ဟု ဂျီကျသောအခါတိုင်း ဆွဲစားပစ်ချင်သည်။
ထို့ကြောင့် သူ တကယ်ပဲ အမေတို့ကိုတောင်းခိုင်းရမလားဟု မရေမရာအတွေးတွေ ဝင်လာခဲ့သည်အထိ။

"ညကအိပ်မရဘူး မင်းကိုပဲစိတ်ပူနေတာ သည်းရာ"

"ဘာသည်းလဲ ကိုကိုအဲ့လိုကြီးခေါ်ရင် အူယားတာ အရမ်းပဲ"

"ရင်ဘတ်ထဲက အသည်းဆိုတဲ့သဘောနဲ့လေ ပြီးတော့ မိုးတွေတအားရွာရင် သည်းသည်းမည်းမည်းရွာတယ်လို့ ပြောကြတယ်မလား အဲ့ဒီလို'သည်း'မျိုးနော် သည်းသည်းမည်းမည်းချစ်ချင်လို့ တမင်ခေါ်တာ
ဘိလပ်မြေနဲ့ရောတဲ့ သဲမျိုးမဟုတ်ဘူး သကိုမှ ညသဝာ်နဲ့ သည်း"

ကားခါးပတ်ပတ်ပေးရင်း ရှင်းပြပေမယ့် ဒီအဓိပ္ပါယ်ကို သူ ဟိုတစ်ရက်ကတည်းက ရှင်းပြခဲ့ပြီးသားဖြစ်သည်။
ဒါကိုလည်း ကလေးမက သူမ,ကြားချင်လာသည့်အခါတိုင်း ဂျီကျနေကျမို့ သူကလည်းထပ်ခါထပ်ခါရှင်းပြမိနေကျ။
စကားတစ်ခွန်းကို ခဏခဏပြန်မပြောချင်ပေမယ့် 'သည်း'ဆိုသည့်အဓိပ္ပါယ်ကိုတော့ နှစ်ခါသုံးခါပြန်ပြောနေရသည့်တိုင် သူ့စိတ်ထဲကြည်လင်နေဆဲ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now