၈၄၅။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၁)

Start from the beginning
                                    

ချူလင်းယွဲ့ကို ကုသနေတာက ဘယ်လို ဖြစ်သွားပြီလဲ ကျောက်ချူက သူ့ဘေးရှိ လူကို ဖျတ်ခနဲ သတိမပြုမိအောင် ကြည့်လျက် မေးလိုက်သည်။

လေ့ချန်က သက်ပြင်းလေးကြီး ချလိုက်သည်။ မကောင်းဘူး၊ နန်းတွင်းသမားတော်တွေ သူမကို တစ်ညလုံး ကုသပေးခဲ့တယ်၊ ဒါပေမဲ့ အကျိုးသက်ရောက်မှုက မဖြစ်စလောက်ပဲ ရှိတယ်၊ ငါ မနေ့က သူမကို သွားကြည့်ခဲ့သေးတယ်၊ သူမက အထိမခံနိုင်တဲ့ အနေအထား ဖြစ်နေပုံပဲ၊ သမားတော်တွေက အသက်ဆန့်ဆေးကိုသာ အသုံးပြုပြီး သူမနှလုံးသားနဲ့ မရီဒန်တွေကို တည်ငြိမ်အောင် ထိန်းထားပေးနေရတယ်၊ ဒါပေမဲ့လည်း အဲဒါက ယာယီလောက်ပဲ ရလိမ့်မယ်၊ ဒီအတိုင်းသာ ဆက်သွားရင်.... သူမ ဒီအခြေအနေကနေ ကျန်ရစ်မှာ မဟုတ်လောက်ဘူး၊ သူမမှာ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်, ထောင်ချီသားရဲမြို့က လူတွေ ညီငယ်လေး ဂျန်ကို အလွတ်ပေးမှာ မဟုတ်တော့ဘူး၊ ထောင်ချီသားရဲ မြို့တော်သခင်က အမြဲတမ်း နိုင်လိုမင်းထက် လုပ်တတ်တဲ့လူ၊ အိမ်ရှေ့မင်းသား ဖြစ်တဲ့ ငါ့ကိုတောင် သူက ဂရုစိုက်တဲ့လူ မဟုတ်ဘူး၊ ညီငယ်လေးဂျန်ကို အကျဉ်းချခံနေရတာကနေ ကယ်ထုတ်ဖို့ ငါ မစွမ်းဆောင်နိုင်မှာ စိုးရိမ်မိတယ်။

ကျောက်ချူက ခေါင်းညိတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သတိထားကာ သူ့ဘေးနားမှ ပုံရိပ်ကို ဖျတ်ခနဲမျှသာ ကြည့်ပြီး ပြောလိုက်သည် အရှင့်သား ပြောတဲ့အတိုင်း သူမ ဒဏ်ရာဒဏ်ချက်တွေ ဆိုးရွားနေတယ်ဆိုရင်, ငါ့မှာ အရှင့်သားကို ရည်ညွှန်းပေးနိုင်တဲ့ ပါရမီရှင်သမားတော် တစ်ယောက် ရှိတယ်။

အိုး, တကယ်လား လေ့ချန်၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။

ကျောက်ချူက ခေါင်းညိတ်ပြပြီး အမြန်အဆန်ပင် သူ့ဘေးရှိ ပုံရိပ်ကို လက်ညှိုးညွန်ပြ၍ ပြောလိုက်သည် အမှန်အတိုင်း ပြောရရင်, ငါ ဒီကို လာတာ ဒီပုဂ္ဂိုလ်ကို ခေါ်လာဖို့ပဲ။

လေ့ချန်က တစ်ဖက်မှာ ရပ်နေသော ပုံရိပ်သို့ အကြည့်ရောက်သွားသည်။ ထိုပုံရိပ်က အနက်ရောင် ဝတ်ရုံ၏ ခေါင်းစွပ်ကို ချွတ်ချလိုက်လျှင်, ပြိုင်ဘက်ကင်း လှပသော မျက်နှာလေး ပေါ်ထွက်လာသည်။ လေ့ချန်၏ မျက်စိရှေ့တွင် ပေါ်လာသော ၎င်းအလှက မြို့တော်များကိုပင် ပျက်စီးသွားစေနိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လေ့ချန် အသက်ရှူဖို့ မေ့သွားရသည်။ သူ ဟာခနဲ ဖြစ်သွားပြီး ထိုပုဂ္ဂိုလ်၏ မျက်နှာမှ အကြည့် မလွှဲနိုင် ဖြစ်သွားသည်။

ရန်တိုင်းပြည်၏ အိမ်ရှေ့စံအနေဖြင့် မရေမတွက်နိုင်သော အလှလေးများကို တွေ့ဖူးခဲ့သည်။ သို့သော် သူ့ရှေ့ရှိ အမျိုးသမီးငယ်လောက် မည်သူမျှ ညှို့ယူဖမ်းစားနိုင်လောက်အောင် မလှပကြချေ။ ထိုမျက်လုံးများက မိုးကောင်းကင်၏ အကောင်းဆုံး ဖန်တီးချက်အလားပင်။ တကယ်ပင် အပြစ်အနာအဆာ ကင်းမဲ့ပေ၏။

ဖူရွှမ်က ချောမောလှပသည်, ဆွဲဆောင်နိုင်သည်, မြှူဆွယ်နိုင်သည်ဟူ၍ လေ့ချန် အမြဲတမ်း တွေးထားသည်။ ချူလင်းယွဲ့လည်း အတူတူပင် ဖြစ်သည်။ သူမက ကျတ်တီးမြေမှာ ‌ပေါက်သော တစ်ပွင့်တည်းသော သစ်ခွပန်းနှင့် တူသည်။ သို့သော် ထိုနှစ်ယောက်၏ အလှက သူ့ရှေ့မှာ ရပ်နေသော အမျိုးသမီး၏ အလှနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရပေ။ လေ့ချန် မြင်ဖူးသမျှ အလှများအားလုံး ရုတ်တရက် အရောင်အဆင်း ကင်းမဲ့သွားလေပြီ။

အန် သူက.... လေ့ချန် ပြောနိုင်သည့် စကားလုံးက ထိုမျှသာ။ ထိုရိုးစင်းသော စကားလုံးမျှဖြင့် လေ့ချန်က သူ့ကိုယ်သူ ကြောက်လန့်နေတာကို ထုတ်ဖော်မိမှန်း သတိမပြုမိလိုက်ပေ။

ဂျန်ဝုရှီက လေ့ချန်၏ တုန်လှုပ်နေသော အမူအရာကို တိတ်ဆိတ်စွာ လေ့လာအကဲခတ်နေသည်။ သူမ၏ အကြည့်က ရှင်းသန့်နေသည်။ သို့သော် အေးစက်သည်။

ဒီအမျိုးသမီးက ချီတိုင်းပြည် လင်းအိမ်တော်က သခင်မလေး ဂျန်ဝုရှီပါ ကျောက်ချူက ချောင်းဟန့်ပြီး မိတ်ဆက်ပေးသည်။ ဂျန်ဝုရှီ၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို မမြင်ရတာ ကြာပြီမို့ သူလည်း ဂျန်ဝုရှီကို ခိုးခိုး ကြည့်နေမိတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now