" ဒီတစ်ခါတော့ မေမေ့စကားကိုမငြင်းတော့ဘူး "

~~~~
" Hello "

" ရှင်းခန့် "

ခပ်တိုးတိုးတုံ့ပြန်လာသောချန်းရဲ့အသံကြောင့် စိုင်မွန်ကစိတ်ပူနေဟန်ဖြင့် နားစွင့်ထောင်လိုက်သည်။မြို့တော်၀န်လုပ်ကြံခံရသည့်အချိန်မှစ၍ ချန်းမင်းထိုက်ကမည်သူနှင့်မှအဆက်အသွယ်မလုပ်ပဲ ပုန်းရှောင်နေတာမို့ စိုင်မွန်အတော်လေးစိတ်ပူနေရတာဖြစ်၏။

" အစ်ကိုအခုဘယ်မှာရှိနေလဲ ကျွန်တော်အဲ့ဒီကိိုလာခဲ့မယ် "

" ...... "

" ဘယ်သူနဲ့မှမဆက်သွယ်ခဲ့ရင်တောင် အစ်ကိုကျွန်တော့်ကိုတော့ဆက်သွယ်သင့်တယ်မလား အစ်ကိုပျောက်သွားတဲ့တစ်ပတ်အတွင်း ကျွန်တော်ဘယ်လောက်ထိစိတ်ပူနေလဲဆိုတာသိလား "

စိတ်ပူနေဟန်ဖြင့်ဆူပူလာသည့်အသံကြောင့် ချန်းကခေါင်းငုံ့ကာကြိတ်ပြုံးလိုက်၏။အဆက်အသွယ်ဖြတ်ထားသည့်တစ်ပတ်အတွင်း စိုင်မွန်အား မလွမ်းပါဘူးဟုဖွင့်ဟလျှင် သေချာပေါက်လိမ်ရာကျလိမ့်မည်။

" အစ်ကို အခုမင်းတို့ဆီကိုလာနေပြီ ခဏနေရင်တွေ့မယ် "

တုံ့ပြန်ချိန်ပင်မရလိုက်ပဲ ဖုန်းချသွားသည့်ချန်းမင်းထိုက်ကြောင့် စိုင်မွန်က အထိတ်တလန့်ဖြင့်အိမ်အောက်ထပ်သို့ပြေးဆင်းသွားသည်။ဧည့်ခန်းထဲတွင် ခွန်းသန့်ရှိန်၀ါက အလုပ်များနေတာမို့ စိုင်မွန်ကမျက်လုံးလေး၀ိုင်းကာ တံတွေးမြိုချလိုက်၏။အကယ်၍ ချန်းကသာမြို့တော်၀န်သေဆုံးသည့်ကိစ္စနှင့်ပတ်သတ်ပြီး ခွန်းသန့်အားပြဿနာလာရှာခဲ့ပါလျှင် နှစ်ဦးနှစ်ဖက်ရန်များတော့မှာဖြစ်သည်။

" ခွန်း "

စိုင်မွန်က ခွန်းသန့်အားမရဲတရဲခေါ်ဆိုရင်း ခွန်းသန့်ရှိန်၀ါအရှေ့မှဆိုဖာပေါ်တွင်နေရာယူလိုက်၏။

" ဘာဖြစ်လို့လဲ "

" အစ်ကိုချန်းမင်းထိုက်က ကျွန်တော်တို့ဆီကိုလာနေပြီတဲ့ "

စိုင်မွန်ရဲ့စကားကြောင့် ခွန်းသန့်ရဲ့မျက်ခုံးတစ်ဖက်ကမသိမသာတွန့်ကွေးသွားတော့သည်။ကိုယ်တိုင်က မြို့တော်၀န်ကိုလုပ်ကြံဖို့ကြံစည်ခဲ့တာမို့ ချန်းအပေါ်အပြစ်ရှိသလိုအနည်းငယ်ခံစားနေရတာဖြစ်၏။
သို့ပေမယ့် ထိုအကြောင်းအရာကြောင့် သူတို့သူငယ်ချင်းသံယောဇဥ်ကိုတော့ မပျက်စီးချင်ပေ။

Twenty Six RevengeWhere stories live. Discover now