အပိုင်း(31)🌾🌴zawgyi

Start from the beginning
                                    

သူကြီး ပြောစရာရှိတာပြော ဆုံးမစရာရှိတာ ဆုံးမပြီး ပြန်သွားလေသည်။ သဏ္ဍန် မျှော့်လင့်ချက်တွေနဲ့ သူတို့မျက်နာတွေအား လိုက်ကြည့်နေခဲ့သည်။

ဘယ်သူကို ဘယ်လိုတောင်းပန်ရမယ်သူမသိ။ ငယ်ထဲက ဘယ်သူကိုမှအောက်မကျို့ခဲ့ဘူး ။ အခုသူအပြစ်တွေက ခွှင့်လွှတ် ဖို့ထိတောင် မထိုက်တန်နေတော့ သူဒူးထောက်ရမည်ဆိုလဲ သူဝန်လေးနေမည်မဟုတ်ပါ။ သူထုံးအပေါ်ထားတဲ့သူရဲ့အချစ်တွေ ရှိတယ်ဆိုတာသူမြင်အောင်ပြသရပါမည်။

"ကျွန်တော် ဘာလုပ်မှ ဘာလုပ်ပေးမှ ထုံးကို ကျွန်တော်လက်ထဲပြန်
ပေးမှာလဲဟင်"

မင်းသန့် စိတ်ပျက်စွာကျွတ်သပ်လိုက်သည်။ သူ့ သူငယ်ချင်းရဲ့ အရူးမီးဝိုင်းနေတဲ့မျက်နာဟာ သူရင်ကို လှုပ်ခပ်နေသလိုပင်။ သူသနားရမလို့ ပြေးထိုးလိုက်ရမလိုလမ်း​ပျောက်နေရပြီ။  လွယ်လွယ်နဲ့တော့ မပြေလိုက်ချင်။  သူလုပ်ခဲ့တာတွေတွက် နဲနဲတော့ ပြန်ခံသင့်သေးတယ်သူထင်တယ်။

"သဏ္ဍန် ညီ အစ်ကိုတစ်ခုဝင်ပြောမယ်ကွာ၊ အခုမင်းပြန်လာတာက အရာအားလုံးကို ပြတ်သားနိုင်ခဲ့ပြီးလား  အကိုပြောချင်တဲ့ အဓိပ္ပာယ် ကိုငါညီနားလည်မှာပါ။ ခုညီ ဆက်ထုံးကို ပြန်ပေါင်းချင်တယ်ဆိုရင် ညီဘဝထဲကိုတော့ သူဘယ်နည်းနဲ့မှ ပြန်လိုက်လို့မရနိုင်ဘူးလို့ အစ်ကိုထင်တယ် အဲ့တော့သူဘဝထဲကို ငါ့ညီဝင်လာနိုင်လား "

သဏ္ဍန် တွေဝေခြင်းမရှိပါ ။

"ကျွန်တော် အရာအားလုံးကိုပြတ်သားစွာ ဆုံးဖြတ်ခဲ့ပြီပါပြီ။ ဘယ်တော့မှ ထုံး အနားကနေထပ်ပြီးထွက်ခွာသွားဖို့ဆိုတာ ရှိမလာနိုင်တော့ပါဘူး ကျွန်တော်ကိုသာ ထုံးအနားမှာနေဖို့ နောက်ဆုံးအခွင့်ရေးလေးပေးပါ "

"ကိုယ် မင်းစကားတွေကို ဘယ်လိုယုံရမလဲ သဏ္ဍန် ဘာနဲ့သက်သေပြမလဲ ဒီလိုဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်တို့ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး သဏ္ဍန်"

"အလုပ်နဲ့ သက်သေပြခွင့်ပေးပါ။ ကျွန်တော် ထုံးအနားမှာ လင်ယောက်ျား တစ်ယောက်အနေမျိုးနဲ့ မဟုတ်ပဲ အစ်ကိုတစ်ယောက်လို အဖေတစ်ယောက်လို အရင်ပေးဆပ်ပါရစေ။  ထုံး ကျွန်တော်ကို မှတ်မိလာမှသာ ကျွန်တော်သူဆန္ဒကို လေးစားစွာ လိုက်နာပါ့မယ်လို့ကတိပေးပါတယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now