အပိုင်း(28)🌾🌴zawgyi

Start from the beginning
                                    

"ဆက်ထုံး ပြန်ရအောင်လေ နေလဲဝင်နေပြီ။  အရီးခေါ်ခိုင်းလိုက်တာ"

"ခဏနေပါဦး နေကအကုန်ဝင်ဖို့ နဲနဲကျန်ပါသေးတယ်။  ဒါနဲ့ မင်းကဘယ်သူလဲ "

"ဟာ ...ဒီကောင်မှတ်မထားပြန်ဘူးကွာ။ ငါကတစ်ရွာလုံးမှာ အချောဆုံး အလှဆုံး ပျိုတိုင်းကြိုက်တဲ့ မင်းသူငယ်ချင်းဖိုးထောင်ပါဆို "

"ခွီး ဟုတ်လား "

ဆက်ထုံး ရယ်ပြီးမေးတော့ ဖိုးထောင် အံကြိတ်လိုက်ရင်းခေါင်းငြိမ့်သည်။ သူရင်ထဲမှာတော့ မချိ။

"အဲ့ဆိုလဲဟို....နေလုံးဝင်သွားတဲထိ ခဏစောင့်ပေးကွာ။ သူ ...သူတစ်ကယ်များ လာခဲ့ရင် ငါနဲ့လွှဲသွားမှာဆိုးလို့"

ခေါင်းလေးငုံပြီး လက်နှစ်ဖက်ကိုစုပ်ချေကာ ပြောနေသော သူ့သူငယ်ချင်း ကိုကြည့်ကာ သူငိုချင်နေမိသည်။

*မင်းအခုထိ အသိစိတ်မရှိတာတောင် မသိစိတ်ကမျှော်နေတုန်းလားသားကြီးရာ..*

"အေးပါ အေးပါ ငါကူစောင့်ပေးပါ့မယ်။ ဒါပေ့မယ် ညနေအိမ်ပြန်
ရောက်ရင်တော့ ထမင်းစားရမယ်နော်"

"အွန်းပါ ခဏလေးစောင့်ပေးနော်"

သူအင်္ကျီစကိုဆွဲ၍ပြောလာသူကိုသူပြုံး၍ခေါင်းညိတ်ပြလိုက်သည်။
ဖိုးထောင် စိတ်ရှည်လက်ရှည် ထိုင်စောင့်ပေးနေမိသည်။မှောင်စပြုလာမှ ဆက်ထုံးက သူအင်္ကျီလက်ကလေးအား လာတွဲရှာသည်။

"ပြန် ပြန်ရအောင် ဒီနေ့သူမလာတော့ဘူး၊ မအား..မအားဘူးထင်တယ်"

"သူငယ်ချင်းရာ.... အေးအေး ပြန်ကြတာပေါ့ကွာ "

သူ အင်္ကျီလက်ကလေးကို မရဲတစ်ရဲကိုင်ကာ လိုက်လာသော ဆက်ထုံးကိုကြည့်ကာ ဖိုးထောင်မျက်ရည်တို့မထိန်းနိုင် ။

* အရင်လို လူဆိုးကောင်လေးပဲ ငါပြန်လိုချင်တယ်ဆက်ထုံးရာ*

>>>>>>>>>>>>>>>>

ခန့်ငြား တစ်လစာ ဆေးရက် ပြည့်
ပြီးဖြစ်သည့်အတွက် ညီအတွက်ဆေးလာထုတ်တာဖြစ်သည်။  ဆေးလာထုတ်ရင်း သားဖွားနဲ့မီးယပ်ဆောင်ကိုလဲလမ်းကြုံနေတာမို့ သူငယ်ချင်းဆီ ဝင်ရန် လှည့်လာခဲ့သည်။ ထိုစဉ် ညီအမျိုးသားကို မိန်းမတစ်ယောက်နဲ့သူတွေ့လိုက်သည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now