အပိုင်း(27)🌾🌴Zawgyi

Start from the beginning
                                    

ထိုစကားကို ဆက်တိုက် ဆက်တိုက် အကြိမ်ဖန်များစွာ ရေရွတ်နေသော ဆက်ထုံးလေး အားကြည့်ကာ မမြင့်ထပ်ငိုရပြန်သည်။ ခန့်ငြားပင်မထိန်းပဲမျက်ရည်များကျလာခဲ့ပြီ။ ညီပုံစံကလုံးဝမူမမှန်တော့ပေ။

"စိတ်ကို ထိန်းစမ်းပါညီရာ ကိုယ်တစ်ကယ်မကြည့်ရက်တော့ဘူး။  ကြာရင် ပိုဆိုးကုန်လိမ့်မယ်ညီ စိတ်ကိုထိန်းပါကွာ "

ခန့်ငြား ဒေါသသံမပါတဲ့ဆူပူမူ့မျိုးနဲ့ဆက်ထုံးရဲ့ပုခုံးကိုကိုင်လှုပ်ကာပြောလိုက်သည်။

"ဟိဟိ ကိုခန့်က ဘာလိုငိုတာလဲ မမြင့်ကရော ဘာလို့ငိုတာလဲ ကလေးတွေလဲမဟုတ်ပဲနဲ့ မငိုနဲ့။ ကျွန်တော်ကို စိတ်မကောင်းဖြစ်နေတာလား စိတ်ချကျွန်တော်ဘာမဖြစ်ဘူး။ ခဏနေရင် မောင် လာခေါ်တော့မှာ ကျွန်တော် အဆင်သင့်ဖြစ်အောင် ရေချိုးထားဦးမယ် ဖယ်ဖယ်ရှေ့က"

ဆက်ထုံး ပြောလဲ ပြောအင်္ကျီတွေကို အတင်းဆွဲချွတ်သည်။  ကိုခန့် ဆက်ထုံးအားမနည်းချုပ်ကာဖက်ထားရသည်။ ကိုထွန်း ဆက်ထုံးကို မကြည့်ရက်တော့၍ အပြင်ကို ပြေးထွက်သွားသည်။

"ကလေးလေးရယ် မမြင့်ရဲ့ ကလေးလေး အဲ့လိုကြီး မလုပ်ပါနဲ့ စိတ်ကိုထိန်းပါအုံးသားရယ် မတန်လိုက်တာကွယ် မင်းရင်းရတာတွေကမတန်လိုက်တာလို့ !!"

မမြင့်က ရင်ဘတ်ကိုဖုရိုက်ပြီးငိုသည်။ ကိုခန့် ရဲ့မျက်ဝန်းထဲမှာလဲ မျက်ရည်တွေနဲ့။ ဆက်ထုံး ဒီလောက်ထိ သူဘ၀ကို အဆုံးရူံးခံဖို့မသင့်။ သူတို့အားလုံးနှမြောစိတ်မကောင်း ရင်ထုမနာဖြစ်ကြရသည်။

"ညီ စိတ်ထိန်းစမ်း ရေချိုးချင်တာလား ခဏအိပ်လိုက် ခဏလေးပဲ ။ နိုးလာရင် အကိုချိုးပေးမယ်နော်ညီ ခဏအိပ်လိုက်နော်.."

"ဟင်အင့် ဟင်အင့် မအိပ်ပါဘူး။ မောင်လာရင်မသိပဲနေမှာပေါ့ ။
မောင့်ကို တွေ့ချင်သေးတယ် လာခေါ်လို့မသိရင် မောင်စိတ်ဆိုးလိမ့်မယ်"

"သဏ္ဍန် လာခေါ်ရင် မမြင့်နိုးပေးမှာပေါ့ ကလေးရဲ့"

"ဟုတ်တယ် ညီ အမျိုးသား လာရင် ကိုသေချာပေါက်နိုးပေးမယ် အင်္ကျီပြန်ဝတ် ပြီးရင်ခဏပြန်
အိပ်လိုက်ဦးနော် "

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now