အပိုင်း(22)🏙️zawgyi

Start from the beginning
                                    

"ညီလေး ပူတင်းပျော့ပျော့လေးနဲ့ နွားနို့ပေးတစ်ခွက်ပေးပါ အကိုကကော်ဖီပဲ ရပြီညီလေး"

စားပွဲထိုး လေးထွက်သွားတော့ ညီကိုသူစကားစလိုက်သည်။

"အခု ညီအမျိုးသားရော "

"သူ အလုပ်လုပ်နေတယ် "

"သူကို ဖွင့်ပြောဖြစ်သေးလား"

"ဟင်အင့် "

"အဲ့ဆို မိဘတွေကရော "

"ဒီမှာ မရှိဘူး ကျွန်တော်ဒီကမဟုတ်ဘူးအစ်ကို"

"ညီ အမျိုးသားနဲ့ လိုက်လာတာလား"

ဆက်ထုံး ခေါင်းလေးငြိမ့်ပြတော့

"အခု ညီ  ဘယ်လိုလုပ်ချင်လဲ အမျိုးသားကို အရင်တိုင်ပင်
မလား "

ဆက်ထုံး စဉ်းစားနေပြီ မောင့်ကိုပြောသင့်လား မောင်စိတ်အနှောင့်ယှက် ဖြစ်သွားမလားတွေးနေမိသည်။  အလုပ်တွေပိနေတဲ့မောင့်ကို သူဒုက္ခ မပေးရက်ပါ။ပေးလဲမပေးချင် ။

"ကျွန်တော် ဘယ်တော့လောက် ခွဲရမလဲအစ်ကို "

"ကိုကတော့ တတ်နိုင်သလောက် မြန်စေချင်တယ်"

"ကျွန်တော် အဆင်သင့် မဖြစ်သေးဘူး"

"ကြောက်စရာ မလိုဘူးညီ ညီဘက်က စိတ်ကိုပဲ ပြင်ဆင်ထား။  ဒီနေ့က ​သောကြာဆိုတော့ တနင်္ဂနွေနေ့ ဆေးရုံတတ်လိုက်။  ဗုဒ္ဓဟူးနေ့ လောက်ကြ ခွဲရအောင် အချိန်ဆွဲနေရင် ဘေးကအူတွေပါ လိုက်သွားရင် ဖြတ်ထုတ်ရခက်နေလိမ့်မယ်"

"ဟုတ် မောင်နဲ့တိုင်ပင်ပြီး ကျွန်တော် ကြိုးစားပါ့မယ်"

*မောင်တဲ့လား ညီရယ် မင်းမျက်ဝန်းတွေက အဲ့နာမ်စားကို သုံးလိုက်တဲ့အခါ ဘယ်လောက်ထိအသက်ဝင်တယ်ဆိုတာ ကိုယ်မြင်ရုံနဲ့သိပါတယ်  *

ခန့်ငြား တွေးလက်စ အတွေးကို ဖျက်လိုက်သည်။

"စိတ်မရှိနဲ့နော် တစ်မျိုးလဲမထင်နဲ့
ငွေရေးကြေး ကြောင့်လားညီ"

"မဟုတ်ပါဘူး"

"အိမ်ထောင်ရေး အဆင်မပြေလို့လား"

"အဲ့လိုလဲ မဟုတ်ပါဘူး "

"ပွင့်ပွင့်လင်းလင်း ပေါ့ ညီရာ ကိုယ်ကခင်တတ်ပါတယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now