" ခင်ဗျားအဖေနာမည်ကဘယ်လိုခေါ်လဲ "
" ဦးစည်သူဌေး "
" ဟင် ခင်ဗျားအဖေနာမည်မှာလည်းဌေးပါတာပဲလား "
" အင်း အမေပြောပြတာတော့အဲ့တာဖူးစာတဲ့ "
" ကျစ်... အန်တီစန်းဌေးနဲ့ဦးစည်သူဌေးကိုတော့ ကျေးဇူးတင်လို့မဆုံးဘူး "
" ဘာလို့လဲ "
" ဘာလို့ဆို ခွန်းသန့်ရှိန်၀ါအတွက်ကိုကိုတစ်ယောက်ဖန်တီးပေးခဲ့လို့ "
" မင်းကတော့လေ "
ရှိုင်းကခွန်းသန့်ရဲ့ နဖူးအားခပ်ဖွဖွရိုက်ကာပြုံးရယ်လိုက်တော့ ခွန်းသန့်ကသူ့ခါးအားတင်းကျပ်စွာပွေ့ဖက်လာသည်။ ထို့နောက် သူ့နှာခေါင်းဖြင့်ရှိုင်းရဲ့ပခုံးကိုလိုက်ပွတ်ကာ ကျီစား၏။
" ဘာဖြစ်နေလဲ "
" ဆန်းရှိုင်းရဲ့အချစ်ကလေးဖြစ်ရလိို့ စိတ်ပျော်နေ "
" အလည်လေး "
" ခင်ဗျားကကော မပျော်ဘူးလား "
" ဘာလို့လဲ "
" ခွန်းသန့်ရှိန်၀ါရဲ့ဆန်းရှိုင်းလေးဖြစ်ရလို့လေ "
" ဟုတ်ပါ့ ငါကလည်းမင်းရဲ့ဆန်းရှိုင်းလေးဖြစ်ရလို့အတိုင်းမသိ၀မ်းသာမိပါတယ် "
" ဆန်းရှိုင်းရဲ့အချစ်ကလေးဖြစ်ချင်တယ် ကျိကျိ "
တအိမ်လုံးဖုံးလွှမ်းအောင် အော်နေသည့်ဂျက်ဂျက်ကြောင့် ခွန်းသန့်ကနှာခေါင်းရှုံ့ကာအိပ်ယာပေါ်ကကုန်းထရင်း ဂျက်ဂျက်ကိုလှောင်အိမ်ပြင်မှခါးထောက်ကာလှမ်းကြည့်၏။
" ငါကအခုဆန်းရှိုင်းရဲ့အချစ်ကလေးဖြစ်သွားပြီလေဂျက်ဂျက်ရဲ့ မင်းကိုနောက်နေ့ကျအခြားစကားတွေထပ်သင်ပေးမယ် "
ခွန်းသန့်ကဂုဏ်ယူနေသည့်အသံဖြင့် ဂျက်ဂျက်အားအစာကျွေးရင်း ရှိုင်းကိုလှမ်းရယ်ပြ၏။
" ဒီနေ့မျက်မြင်သက်သေတစ်ယောက်ကို သွားကြည့်ရမှာမို့မင်းပြန်လာခဲ့မယ်မလား "
" ရေမိုးချိုးအ၀တ်အစားလဲပြီးတော့ သားကိုကျောင်းပို့ပြီးရင် ပြန်လာခဲ့မယ်။ အန်တီစန်းဌေးသားက တကယ့်ကိုမလွယ်တာ သူ့သားကိုစွဲလမ်းမိတာနဲ့ ကလေးတစ်ယောက်အဖေဆိုတာမေ့ပြီး သားကိုတောင်ဖုန်းမဆက်လိုက်ရဘူး "