" မင်းကတော့လေ "

ရှိုင်းကခေါင်းယမ်းရင်းပြုံးလိုက်တော့ ခွန်းသန့်ကရှိုင်းအားဒူးအောက်မှပွေ့ချီကာ ဆိုဖာပေါ်ခေါ်သွားပေး၏။

"ရှိုင်းဌေးက, လေးလိုက်တာကွာ ခါးတောင်နာသွားပြီ "

ခွန်းသန့်ရှိန်၀ါကခါးနာသွားသည့်ပုံစံဖြင့် မျက်နှာရှုံ့ကာရှိုင်းရဲ့ပေါင်ပေါ်ခေါင်းမှီရင်းလှဲချ၏။

" မျက်လုံးတွေတောင်စူးသွားတယ်ခင်ဗျားရာ "

ခွန်းသန့်ကသူ့မျက်လုံးတွေကိုမှိတ်လိုက်ဖွင့်ရင်းလုပ်ရင်း ရှိုင်းကိုမော့ကြည့်၏။ ရှိုင်းကတော့နားမလည်စွာကြောင်တောင်တောင်ဖြင့်ပြန်ငုံ့ကြည့်သည်။

" ဘာလို့လဲ မီးရောင်ကြောင့်လား ငါဒီမီးပိတ်ပေးရမလား "

" မီးပိတ်ရုံနဲ့တော့မရဘူးထင်တယ် တရားခံကခင်ဗျားရဲ့မျက်၀န်းတွေဖြစ်နေလို့ "

" ဒီကောင်ကတော့လေ "

ရှိုင်းကမျက်နှာရှုံ့ကာ သူ့နဖူးအားလက်ဖြင့်တောက်လာတာမို့ခွန်းသန့်ကမကျေနပ်ပေ။

" ခင်ဗျားကလေ ကျုပ်ကိုချစ်နေတယ်သာပြောတာနော် ကျုပ်စကားဆိုတစ်ခုမှအကောင်းမထင်ဘူး လူကိုအဲ့ဒီစိတ်မရှည်တဲ့လေသံနဲ့ပဲအမြဲပြန်ပြောနေတာ "

" ငါ့ကိုပြောထားတဲ့စကားတွေနဲ့ အရင်ကလူဘယ်နှစ်ယောက်ကိုပြောခဲ့လဲမှမသိတာ "

ရှိုင်းကရှုပ်ထွေးနေသည့်ပုံစံဖြင့် အသံဖျော့သွားတာမို့ခွန်းသန့်ကချက်ချင်းကောက်ထိုင်ကာ ရှိုင်းရဲ့မျက်၀န်းတွေပေါ်အဖြေလိုက်ရှာသည်။

" သေချာတာတော့ ခင်ဗျားနဲ့မတွေ့ခင်အချိန်အထိဘယ်သူ့ရဲ့အချစ်ကလေးမှမဖြစ်ချင်ခဲ့ဘူး "

ခွန်းသန့်ကရှိုင်းရဲ့လက်ဖမိုးဖောင်းဖောင်းလေးအားသူ့ပါးပြင်ပေါ်ကပ်ထားရင်း ရှိုင်းကိုစူးစူးနစ်နစ်ငေးကြည့်၏။ ထိုအကြည့်တွေအားရှိုင်းကြာကြာတောင့်မခံနိုင်ပေ။ အလိမ်အညာစကားဖြစ်ရင်တောင် ကျေကျေနပ်နပ်ကြီးလက်ခံပေးမိမှာပင်။

" အခုအချိန်ကစပြီး ခင်ဗျားစိတ်ထဲမှာကျုပ်နဲ့ပတ်သတ်လို့ မရှင်းလင်းတာပဲဖြစ်ဖြစ် မကျေနပ်တာပဲဖြစ်ဖြစ်ရှိရင်ပြောပြလို့ရတယ် ကျုပ်တို့နှစ်ယောက်ကြားမှာသံသယစိတ်တွေနဲ့ရှေ့မဆက်သွားချင်ဘူး ခင်ဗျားကျုပ်ကိုအချစ်လျော့သွားမှာလည်းကြောက်တယ် "

Twenty Six RevengeWhere stories live. Discover now