ဒီစုံတွဲက အရင်က လာဖူးကြတဲ့ တခြားစုံတွဲတွေနဲ့ ဘယ်လိုလုပ်ပြီး ကွဲပြားနေရတာလဲကွာ?

ပင်လယ်ကို မမြင်ဖူးသေးတဲ့ မိသားစုဝင်တချို့က နောက်တစ်နေ့မှာပဲ ပင်လယ်ကို သွားကြည့်မယ်လို့ ပြောဆိုနေတတ်ကြပေမယ့် ဒီတစ်ခါတော့ မတူတော့ပေ။

-- ကြက်မွေးဖို့ ခြံစည်းရိုးလုပ်နေကြတယ်?

နေ့တစ်ဝက်အားလပ်ရက်ယူဖြစ်ထားတဲ့ ကျန်းချန်ပေ့သည် ဘေးအိမ်မှ လုအိမ်ဆီသို့ မတော်တဆရောက်သွားကာ ရဲဘော်ရှောင်လုက မြေပေါ်မှာ ထယ်ထိုးနေသည်ကို တွေ့လိုက်ရ၏။ လုယန်က တကယ့်ကို ချောမောသည်ပင်။

ဟုတ်တာပေါ့၊ ကျန်းချန်ပေ့လို အမျိုးသားတစ်ယောက်ကတော့ ဒီလူငယ်လေး ရုပ်ရည်ကြည့်ကောင်း၏၊ မကောင်း၏ကို ဂရုမစိုက်ဘဲ တစ်ဖက်လူ၏ သန်မာအားကောင်းလှတဲ့ ကြွက်သားတွေဆီမှာသာ အာရုံစိုက်မိလေသည်။

ဤအရာရှိလေးဟာ တကယ့်ကို ငယ်ရွယ်ပြီး အလားအလာရှိသည်ပင်။

ကျန်းချန်ပေ့ လုယန်နှင့် သွားစကားပြောရန် အစပျိုးလုပ်ဆောင်လိုက်သည်။

လုယန်သည် ကျန်းချန်ပေ့ကို မသိသည့်အပြင် ယခင်အဆက်အသွယ်အသိုင်းအဝိုင်းမှာလည်း သူ့နာမည်ကို တစ်ခါမျှ မကြားဖူးပေ။ သူက ကျန်းချန်ပေ့ကို အကြိမ်အနည်းငယ်ကြည့်လိုက်ကာ ထိုလူဟာ အလယ်အလတ်ကိုယ်ထည်ရှိပြီး မျက်နှာဝိုင်းဝိုင်းနှင့် သာမန်အသွင်အပြင်ရှိလေ၏။ သူက အလွန်ဖော်ရွေစွာ ပြုံးလိုက်ရာ ပေါင်းသင်းဆက်ဆံရန် လူကောင်းတစ်ယောက်ဖြစ်ပုံရလေသည်။

ကျန်းချန်ပေ့က အိမ်နီးနားချင်းဖြစ်သည်ကို သိလိုက်ရသဖြင့် လုယန်လည်း သူနှင့် စကားစမြည်ပြောရန် ဆန္ဒရှိသွားကာ သူတို့အချင်းချင်း ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကြ၏။

"မ​နေ့က​မှ မင်းတို့ ပြောင်းလာကြတာဆိုတော့ ဒီနေရာနဲ့ အသားကျရဲ့လား? ငါ့မိန်းမကတော့ ဒီကိုစ​ရောက်​တုန်းက နေသားမကျဘူးလေ..."

လုယန်က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေလိုက်၏။ သူက ကျန်းချန်ပေ့ဆီက "ငါ့မိန်းမ"ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ကြားလိုက်ရသည့်နောက်မှ ဒီလူဟာ သူ့စကားလုံးတိုင်းမှာ သူ့မိန်းမအကြောင်း အမြဲပါနေတတ်သဖြင့် ချစ်မြတ်နိုးကြတဲ့ စုံတွဲဖြစ်နိုင်ကြောင်း သိသာနေသည်မို့ သူ့စိတ်ထဲမှာ ဒီလူကို နည်းနည်းမှတ်ထားလိုက်တော့သည်။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now