Extra - 4 (unicode)

1.5K 267 28
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter ; 149

"မင်း ရောက်ပြီလား?။"
ကျန်ချန်သည်ဖုန်းပြောနေစဉ်ကျောက်ခယ်ထံ
မှခေါက်ပန်ကာကိုဆွဲယူလိုက်၏။
"ငါတို့အခုဓာတ်ပုံရိုက်တော့မယ်။ဒီအဝတ်ကြီး
ခြုံထားရတာအရမ်းနေရခက်တယ်။"

"ကျောင်းဂိတ်တံခါးရောက်ဖို့ငါးမိနစ်ပဲ။"
ကုဖေးကပြောလာသည်။
"မင်းတင်ထားတဲ့ selfie က အဆင်ပြေတာ
ငါမြင်လိုက်တယ်။ကြည့်ရတာအဆင်ပြေတဲ့
ပုံပါပဲ ။"

"မင်း မမြင်လိုက်ရလို့ပါ။"
ကျန်ချန်သည် သူ့ကိုယ်ပေါ်ရှိမဟာဘွဲ့ရဝတ်စုံကိုအသာဆောင့်ဆွဲလိုက်၏။
"ခြေထောက်မှာထုပ်နေတာ။ကျောက်ခယ်ဆိုရင်
လှေကားအောက်ထပ်ဆင်းတုန်းကလဲကျသေး
တယ်။"

ေကျာက်ခယ်ကသူ့ကိုတည့်မတ်ပေးလာသည်။
"လဲကျမလို​ဖြစ်တာပါ။"

ကျန်ချန်ထပ်ပြောလိုက်တယ်။
"လဲကျတော့မလိုဖြစ်တာ ။"

ကုဖေးကပြောလာသည်။
"ငါ့ကို အောက်ထပ်မှာပဲစောင့်နေ။ငါ လာခဲ့မယ်။"

"ကောင်းပြီ။"

"မင်းဗိုက်ဆာနေပြီလား"
ကုဖေးကမေးလာသည်။
"မင်းစားဖို့ တစ်ခုခုယူလာပေးရမလား။"

"ငါ ဗိုက်မဆာသေးဘူး။ဓာတ်ပုံရိုက်ပြီးတော့မှ အပြင်ထွက်ပြီး စားရအောင်။"

ကုဖေးက"ကောင်းပြီ" လို့ပြန်​ဖြေလာ၏။

ဤယနေ့သည်ပြီးပြည့်စုံသောဘွဲ့နှင်းသဘင်အခမ်း
အနားအဖြစ်ယူဆ၍ရသည်။ သူ့ကဲ့သို့၀တ်ဆင်ထားသောအတန်းဖော်များအားကျန်ချန်ကြည့်လိုက်သည်
ထိုအတန်းဖော်များရဲ့ မိဘများနှင့် မိသားစုဝင် တော်
တော်များများ၏မျက်နှာပေါ်မှာအပြုံးပွင့်များဝေဆာစွာပြုံးနေလျက်ရှိသည်။

ကျောက်ခယ်၏မိသားစုမှမည်သူမျှမလာခဲ့ဘဲ
ကျန်းတန်းထုံ တစ်ယောက်သာရောက်လာ၏။
ကျောက်ကျင့်သာမကသူ့မိသားစုသည်ရွှယ်ပါ့
များဖြစ်ပြီး ကျောက်ခယ် ၏မဟာဘွဲ့နှင့်ပတ်
သက်၍လုံးဝမခံစားရပေ။

တကယ်တော့ , ကျန်ချန်တွင် ဘွဲ့ရတာနှင့်ပတ်
သက်ပြီး ပြင်းထန်သော ခံစားချက်မျိုးမရှိပေ။
နောက်ဆုံးတော့သူအဆင့်တစ်ဆင့်ပြီးဆုံးသွားသကဲ့သို့ခံစားရပြီး သူ့ရဲ့ကျောင်းသားဘဝဟာ
လုံးဝအဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now