Part 100 (unicode)

3K 628 67
                                    

Part 100

ကုဖေး ဆေးဆိုင်ကို သွားသည့် အချိန်တိုင်းလိုလို၊သူ့ဆေးဖက်ဝင်အပင်တွေကို ဖြည့်ပြီးထွက်လာသည့် လောင်ရွှိနှင့် ဆုံလေ့ရှိသည်။ လောင်ရွှိဆီမှာ ကုသ၍မရသော ရောဂါတစ်မျိုးမျိုးရှိနေနိုင်သည်ဟု ကုဖေး မယုံသင်္ကာ ဖြစ်လာတယ်။

"ပွင့်ပွင့်လင်းလင်းပြော,ရှုကျုံးဆီမှာဘာဖြစ်
နေတာလဲ။"
ကုဖေးက လောင်ရွှိကိုဆေးဆိုင်အပြင်ဘက်တွင် နောက်ထပ်တစ်ကြိမ် ပိတ်ဆို့ခဲ့သည်။
" အပတ်တိုင်း ဆေးလာဝယ်နေရအောင်။"

"ဒါတွေအားလုံးက ချီ နဲ့ သွေးအားဖြည့်ဆေးတွေပါ။ "
လောင်ရွှိက ထုပ်ပိုးထားတဲ့ စက္ကူထုပ်ကိုဖွင့်ပြီး သူ့ကိုပြလာတယ်။
"ငါ အရာအားလုံးမှာ နည်းနည်းချို့တဲ့နေလို့၊ ဒါပဲ, စီနီယာတန်းတွေကိုသင်ပေးရတဲ့အချိန်တိုင်း ဒီလိုပါပဲ။"

"တကယ်လား?"
ဆေးပင်တွေကို ကုဖေး ကြည့်လိုက်တယ်။ အမှန်အတိုင်းပြောရလျှင် သူ ဘာတစ်ခုမှ
မသိချေ။

"ကဲ, ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ။" လောင်ရွှိက သူ့ကို အကြည့်တစ်ချက်ပေးပြီးလာနောက်တွင် ရယ်မောလာသည်။
"အေး , ဒီကလေး..။"

"ဘာရယ်တာလဲ။"
ကုဖေး သူ့ကို ပြန်ကြည့်လိုက်တယ်။ "တကယ်လို့,ရှုကျုံးမှာသေလုမြောပါးရောဂါ တစ်ခုခုရနေရင်လည်း၊ကျွန်တော်တို့ကိုအမှန်အတိုင်းပြောပြသင့်တယ်။ ကျွန်တော်တို့က
ရှုကျုံးရဲ့မိသားစုဝင်တွေမဟုတ်ပေမယ့်၊ဖုံး
ကွယ်ထားစရာအကြောင်းမရှိဘူး။"

"ငါ့ကျန်းမာရေးက အကောင်းကြီးမဟုတ်တာတော့မှန်တယ်၊ ဒါပေမဲ့ သေလုမြောပါး
ထိတော့မဟုတ်ပါဘူး။"
လောင်ရွှိက ကုဖေးလက်မောင်းကို ဝမ်းသာ
အားရ ပုတ်လာသည်။
"ကလေး, မင်းက ကဲ့ရဲ့တဲ့စကားတွေအများကြီးပြောနေပေမယ့်, ငါအရမ်းရင်ထဲထိသွားပြီ။"

"Boss "
ကုဖေး သူ့ကို စိုက်ကြည့်လိုက်တယ်။
"ဘာလို့ အပင်ပန်းခံနေတာလဲ။ ရှုကျုံး ဒီလိုမျိုးဖတ်ဖတ်မောနေပေမယ့် သူတို့အတွက်
ရှုကျုံးလုပ်ပေးတာကိုဘယ်သူမှတန်ဖိုးထားမှာမဟုတ်ဘူး၊ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Onde as histórias ganham vida. Descobre agora