Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Chapter 126;
ရပ်ကွက်ဟောင်းနားတစ်ဝိုက်တွင်တစ်ကြိမ်မကလမ်း
လျှောက်ပြီးနောက် နှစ်ယောက်လုံး စကားမပြောဖြစ်ကြတော့ပေ။ကုဖေးဘာစဥ်းစားနေမှန်းဒါမှမဟုတ်ဘယ်လို
ခံစားနေရမယ်မှန်းကျန်ချန်မသိဘူး။ သူ့ဆီမှာ
ပြောစရာစကားတွေ မရေမတွက်နိုင်အောင်ရှိ
နေတယ်လို့ခံစားမိပေမယ့်စကားပြောဖို့အချိန် အချိန်ကျလာတဲ့အခါမှာတော့ စကားတစ်ခွန်း
လေးတောင်မှ သူ မပြောနိုင်ခဲ့ဘူး။သူတို့နှစ်ဦးကလွန်ခဲ့သည့်လတွင်တွေ့ကြုံခဲ့ရသည့်အရာများကို တစ်ယောက်နှင့်တစ်ယောက် မသိကြသောကြောင့် တစ်ဖက်လူ၏ မျက်နှာ အမူအရာနှင့်အခြေအနေအပေါ်မှာသာခန့်မှန်းကောက်ချက်ချနိုင်ပေမယ့်၊ကုဖေးကကောင်းကောင်းမွန်မွန်မကျော်ဖြတ်
နိုင်ခဲ့မှန်း ကျန်ချန် မြင်နေရသည်။သူခရီးတစ်ပတ်ပြန်ကျော့တော့မည့်နောက်၌ ကုဖေးက လမ်းတစ်ဖက်ရှိကိတ်မုန့်ဆိုင်လေးကို လက်ညှိုး
ထိုးပြီးပြောလာသည်။
"လေအရမ်းတိုက်နေတယ်။ခဏလောက် အထဲမှာဝင်ထိုင်ရအောင်။"အိုကေလို့ ကျန်ချန် ပြန်ဖြေလိုက်တယ်။
သို့ပေမယ့် အသံမထွက်ချေ။
ချီးတဲ့မှပဲ! သူလည်ချောင်းအမြန်ရှင်းလိုက်ပြီး
နှုတ်ခမ်းပိတ်လျက် အသံပြုလိုက်တယ်။ယခုတစ်ခေါက်တွင်မူအသံတစ်သံထွက်လာ
၏။ပြိုင်ပွဲဝင်ကျန်ချန်ဟာ အလွန်ခိုကိုးရာမဲ့နေပါ
တယ်။ဒါက စိတ်ဖိစီးမှုတုံ့ပြန်မှုကြောင့်ပဲလား?
ဒါမှမဟုတ် စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲတစ်ခုပဲလား?ထိုသို့ကြားလိုက်ရချိန်တွင် သူ ရယ်ပဲရယ်ချင်နေမိသည်။
ကိတ်မုန့်ဆိုင်လေးထဲမှာဘယ်သူမှမရှိပေ။ ကုဖေးက
နို့လက်ဖက်ရည်ပူပူနှစ်ခွက်နှင့်ကိတ်မုန့်နှစ်ခုကိုဝယ်ပြီး၊ပြတင်းပေါက်နံဘေးရှိစားပွဲငယ်လေးပေါ်မှာတင်လိုက်သည်။ကျန်ချန်သည် စားပွဲဝိုင်းမှာဝင်ထိုင်လိုက်ပြီးသူ့ရှေ့မှနို့လက်ဖက်ရည်ကိုလက်ဆန့်၍လှမ်းယူလိုက်ချိန်တွင်ကုဖေးက သူ့လက်ထဲမှ နို့လက်ဖက်ရည်ကိုပြန်လှမ်းယူသွား၏။
"ဒေါသထွက်နေတာကိုမေ့သွားလို့၊ နို့လက်ဖက်
ရည်ကို အရင်မသောက်နဲ့။ငါအခြားတစ်ခုသွား
..."
VOUS LISEZ
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}
Roman pour AdolescentsType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -Completed Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^