Part 135 (unicode)

3.2K 552 29
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 135;

ကျန်ချန်သည်ကျောင်းနှင့်သူရဲ့ကျူရှင်သင်ပြ
ပေးရမည့်​နေရာကြားတွင်ရှိတဲ့ ဤအသားကင်စားသောက်ဆိုင်ကိုသူဖြတ်သွားတဲ့အချိန်တိုင်း
ဆိုင်အတွင်းသို့လှမ်းကြည့်လေ့ရှိသည်။စာသင်
ွနှစ်တစ်ဝက်​မျှလေ့လာအကဲခတ်ပြီးနောက်ဤ
ဘာဘီကျူးစားသောက်ဆိုင်တွင်အမျိုးအစား
စုံလင်ကာ အသားမ​ျားက လတ်ဆတ်ကြောင်း
သိရှိခဲ့ရသည်။ဈေးနှုန်းမှလွဲ၍ ဘာမှပြောစရာ
မရှိဘူး။

ဒါပေမယ့​,ဈေးနှုန်းကြောင့် သူ့စိတ်အခြေအနေ
သည်သိပ်ပြီးရွှင်လန်းမနေချေ။ပျော်ပျော်ကြီးစား
ဖို့ သူ့စိတ်ထဲမှာ ဘယ်တုန်းကမှ မဆုံးဖြတ်ဖူးဘူး။

ယနေ့တော့, စျေးနှုန်းက ကြောက်စရာကောင်းသော်
လည်းသူစျေးနှုန်းကိုလျစ်လျူရှုလိုက်နိုင်သည်။

"ကူပွန်တွေရှိလား ငါကြည့်လိုက်ဦးမယ်။"
ကျန်ချန် လက်ကိုင်ဖုန်းကိုထုတ်လိုက်တယ်။
"ပြီးခဲ့တဲ့လက မိသားစုလိုက်ကူပွန်ရှိတယ်။ နောက်ထပ် ရှိဦးမလားတော့မသိဘူး။"

"ငါလုပ်လိုက်မယ်။"
ကုဖေးက သူ့ကိုတားဆီး၍ ဖုန်းထုတ်လိုက်သည်။
"ငါ့မှာငွေအမြောက်အများရှိတယ်။"

"အိုး!"
ကျန်ချန် ရယ်လိုက်တယ်။
"ဘယ်လောက်ထိများတာလဲ။"

"တော်တော်များတယ်။ ငါ မင်းကို သံစက်ရုံရဲ့
ဓါတ်ပုံ​ေတွရိုက်ရမယ်လို့အရင်ကပြောခဲ့တယ်
မဟုတ်လား။"

"အင်း။"
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။

"အဲဒါကိုအယ်ဒီတာကအရမ်းကြိုက်တယ်။ငါ ဓာတ်ပုံတွေအများကြီးသုံးခဲ့တယ်။ အခု သူတို့ကthemeအသစ်တစ်ခုလုပ်ချင်​တယ်။လူတော်
တော်များများက တူညီတဲ့theme တစ်ခုတည်း
ကိုရိုက်ကူးကြပြီးမတူညီတဲ့ရှုထောင့်အသီးသီး
ကိုပြကြတယ်"
ကုဖေးက ဖုန်းပေါ်တွင် ကလစ်နှိပ်လိုက်၏။
"ငါ့မှာ သတ်မှတ်ထားတဲ့စံနှုန်းရှိတယ်။"

ကျန်ချန်မေးလိုက်တယ်။
"အဲ့ဒါကောင်းတာပဲမဟုတ်လား?။" 

ကုဖေးက ပြန်ဖြေလာသည်။
"အရမ်းကောင်းတယ်။ငါ့ရဲ့ စီးပွားဖြစ်ဓာတ်ပုံရိုက်
တဲ့ အလုပ်တွေအားလုံးရဲ့စျေးနှုန်းကိုမြှင့်လိုက်ပြီ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now