Part 97 (unicode)

3.9K 672 83
                                    

.Part 97 ~~
သူတို့နှစ်ယောက်လုံးအချိန်ကြာမြင့်သည်ထိ
သူတို့ဦးခေါင်းတွေကို မော့၍ "ahhhhh......"
ဟု အော်ဟစ်ခဲ့ကြသည်။ တော်တော်လေး ကျေနပ်စရာကောင်းတယ်ဆိုပေမယ့်လည်း
ကျန်ချန်မှာ ထိုကဲ့သို့သောအနေအထားဖြင့်ခဏလောက် သံကုန်အော်ပြီးတဲ့နောက်တွင် အောက်ဆီဂျင်အနည်းငယ်ပြတ်သွားသလို ခံစားလိုက်ရတယ်။သူခပ်သွက်သွက်နှင့်သူ့ဖုန်းကိုဆွဲလိုက်ပြီး
" ဒီမှာ , ဒီကိုယ်နေဟန်ထားကို ထိန်းထား။
မလှုပ်နဲ့။ "

ကုဖေးက သူ့ကိုလှည့်ကြည့်ပြီးမေးလာ၏။
" ဓာတ်ပုံရိုက်မလို့လား။ "

"အင်း , မလှုပ်နဲ့။ ကင်မရာကို ကြည့်။ "
ဖုန်းကို သူတို့နှစ်ယောက်ခေါင်းထက်တွင်
ကျန်ချန် ရွေ့ကိုင်လိုက်တယ်။ထို့နောက်တွင်
ဖုန်းမျက်နှာပြင်ပေါ်ရှိ သူတို့မျက်နှာတွေကို
ပြိုင်တူကြည့်လိုက်ကြသည်။
" အခု အော်လို့ရပြီ။ Ahhhh........."

ကုဖေးက ရယ်မောလာပြီးတော့ သူနှင့်အတူ
သံပြိုင်အော်ဟစ်လာသည်။ ကျန်ချန် ရှတ္တာ
ခလုတ်ကို ဖိလိုက်တယ်။
" အရမ်းကောင်းတယ် ။ငါ့လည်ပင်း နာနေပြီ။ "

" ငါတို့တွေ မီးပန်း ဖောက်ရအောင်။ "
ကုဖေးက ပလတ်စတစ်အိတ်ကိုကန်လာ၏။

"ကုမြောင်က သူတို့ကို ဖောက်ရဲပါ့မလား။"

"သူ(မ)က ဘယ်လိုလုပ်ရမှန်း မသိဘူး။ မင်း သူ့လက်ကို ကိုင်ပြီး မီးညှိပေးလိုက်။ "

"ကောင်းပြီ။ "
ကျန်ချန်စီးကရက်ဘူးကိုဆွဲထုတ်လိုက်တယ်
" ငါ သူနဲ့အတူတူ လုပ်လိုက်မယ်။ "

" Hey hey hey..."
ကုဖေးက ကျန်ချန်ကို မီးခြစ်ကမ်းပေးလာသည်။
"မင်း သူ့ကို စီးကရက်နဲ့မီးညှိပေးမလို့လား။"

".....ငါ မေ့သွားတယ် ။ "
ကုဖေးဆီကမီးခြစ်ကိုကျန်ချန်လှမ်းယူလိုက်
တယ်။ထိုမီးပန်းက သူ ဆိုင်မှ ဝယ်လာသည့်  ရှည်လျားတဲ့မီးပန်းအတုတ်တစ်ချောင်းပင်။
" အားမြောင်ရေ , လာ ။ ငါတို့တွေ မီးပန်းကို
မီးညှိကြမယ်။ "

ကုမြောင်က သူမစကိတ်ကိုပိုက်၍ သူ့နံဘေး
တွင် ဝင်ထိုင်သည့်အခါ ကျန်ချန် သူ့မလက် ထဲကို မီးခြစ်ထည့်ပေးလိုက်တယ်။
" ဒါလေးကို ဖိလိုက် ။ "

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now