Part 115(unicode)

2.7K 581 33
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 115;

အသက်ရှင်သန်နေလျက်ရှိသော ကုဖေး !

အသက်ရှိနေသော ကုဖေး !

အသက်ရှိတယ်!အသက်ရှိတယ်! နွေးထွေး
တယ်!  နွေးထွေးတယ်!

အထိအတွေ့နှင့်ကိုယ်သင်းနံ့ရှိသောကုဖေး!
တစ်ကိုက်,ကိုက်ကြည့်၍ရနိုင်သောကုဖေး!

ဤ ကာလအတောအတွင်း သူသည် ၎င်းကို ကျင့်သားရနေပြီဖြစ်ကြောင်းထင်ရှားသည်။  သူအိပ်မပျော်မချင်းကုဖေးအကြောင်းမစဥ်း
စားဖြစ်တော့ဘူး။အရာအားလုံးကိုနားလည်လာချိန်တွင် သူ ကုဖေးအကြောင်းကိုမတွေးနိုင်တော့ချေ။  သူသည်အလုပ်များလှသည့်တက္ကသိုလ်များ၏အလယ်တွင်ခြေချုပ်မိနေခဲ့ပြီးအပြေးအလွှားဖြစ်နေ၍ တဖြည်းဖြည်း
ချင်းပျက်ကွက်လာ၏။သူ စိတ်ဓာတ်ကျပြီး ကြေကွဲမနေတော့ဘူး။

ဒါပေမယ့်,ကုဖေး၏ဝှေ့ယမ်းနေတဲ့လက်ကိုမြင်လိုက်သည့်ခဏတွင်သူအပြေးတစ်ပိုင်း
ပြေးသွားခဲ့မိသည်။

သင့်လျော်သည်ဖြစ်စေ မသင့်လျော်သည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ မပျော်သည်
ဖြစ်စေ,၎င်းကို အစစ်အမှန်တန်ဖိုးထားပြီး နှိုင်းယှဉ်ရန်သာ လိုအပ်သည်။

ကျန်ချန် ခေါင်းစောင်း၍ကုဖေး၏မျက်နှာကိုနမ်းလိုက်ချိန်၊ ကုဖေးကသူ့ဆံပင်တွေကိုတွန်းဖယ်၍ အနောက်ပြန်ဆုတ်သွား၏။
“ချန်ကော,ချန်ကော,စိတ်အေးအေးထား။”

"အာ"
ကျန်ချန်တစ်ယောက်အသိတရားပြန်မလည်လာခင်နှစ်စက္ကန့်မျှကြောင်အမ်းနေပြီနောက်
ကုဖေးကို ချက်ချင်းတွန်းထုတ်ပြီး၊ မျက်လုံးထောင့်အစွန်းနှစ်ဖက်ကို ကပျာကယာသုတ်လိုက်သည်။ "ဖာ့ခ့်။"

"မင်းရဲ့ဆာလောင်မှုအဆင့်က အံ့မခန်းပဲ။" ကုဖေးကပြုံးစစဖြင့်သူ့အိတ်ကိုလှမ်းယူကာ "မင်း တစ်လမ်းလုံးစဥ်းစားလာခဲ့တာလား။"

"သွားစမ်း။"
ကျန်ချန် ရယ်လိုက်ပြီးနောက် မလှုပ်မယှက်ဖြင့် ကုဖေးကိုငေးစိုက်ကြည့်မိသည်။

အမှန်အားဖြင့်, တစ်လတောင် မပြည့်သေး။  သူထွက်မသွားခင်တုန်းက လက်မတင်စာမျှတိထားသောကုဖေး၏ဆံပင်တွေတောင်ပြန်မရှည်လာသေးပေ။ကုဖေးကိုအခုလိုမျိုးပြန်တွေ့လိုက်ရချိန်တွင်၊သူတို့ချင်းမတွေ့ဖြစ်ကြတာတစ်နှစ်လောက်ရှိနေပြီလို့ ခံစားရသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Waar verhalen tot leven komen. Ontdek het nu