Part 122(unicode)

2.5K 550 92
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 122

လီယန်သည်တံခါးကိုဖွင့်အောင်ဘာပစ္စည်းသုံးပြီးကလော်ရမည်မှန်းမသိချေ။သူဝင်လာချိန်တွင်သူ့လက်ထဲမှာရေနှစ်ခွက်ကိုင်ထားပြီး၊တံတောင်ဆစ်ဖြင့် အခန်းအတွင်းမှမီးကို
ဖွင့်လိုက်၏။

အခန်းတစ်ခုလုံးရုတ်တရက်ပြည့်သွားသောအလင်းရောင်
ကြောင့် ကုဖေးခဏအသက်ရှုကျပ်သွားတယ်။သူ့မျက်လုံးများမှဖြာထွက်လာသောနာကျင်ကိုက်ခဲမှုများလျင်မြန်စွာပျောက်ကွယ်သွားပြီးသူ့ဦးခေါင်း၊လည်ပင်းနှင့်ပခုံးများနာကျင်လာသည်။

ကုဖေးသူ ့မျက်လုံးတွေကိုလက်နှင့်ကာလိုက်တယ်။
"မီးတွေပိတ်လိုက်။"

ထိုစကားနှစ်လုံးပြောပြီးနောက်တွင် သူနှင့်လီယန်တို့နှစ်
ယောက်စလုံးမှင်သက်သွား၏။သူပိုင်ဆိုင်တဲ့ထိုခြောက်နေသွေ့သောအသံသည် ခံတွင်းအပြည့်သဲတစ်လုတ်မျိုချ
လိုက်ရသကဲ့သို့ ခက်ခက်ခဲခဲပြောထွက်ခဲ့ခြင်းဖြစ်၏။

လီယန်သည်ရေခွက်များကိုစားပွဲပေါ်တင်ပြီးတော့မှ မီးပိတ်လိုက်ပြီး စားပွဲပေါ်ရှိစားပွဲတင်မီးအိမ်ကိုဖွင့်၍ စားပွဲပေါ်မှာပြန်တင်လိုက်သည်။

အခန်းတွင်းရှိမီးမှိန်မှိန်ကြောင့်ကုဖေးပိုသက်တောင့်သက်သာရှိလာ၏။

"အားမြောင်, ရေနည်းနည်းသောက်လိုက်ဦးနော်။"
လီယန္က ရေတစ်ခွက်ယူကာ ကုမြောင် ရှေ့မှာ
ဆောင့်ကြောင့်ထိုင်လိုက်၏။
"မင်းရေဆာနေပြီမလား။"

အချိန်ခဏကြာလျှင် ,ကုမြောင်ကလှုပ်လှုပ်ရှားရှား
ဖြစ်လာပြီး ၊ ရေခွက်ကို လှမ်းယူ၍ ခေါင်းကိုမော့ပြီး
တစ်ကျိုက်တည်းသောက်လိုက်၏။ရေတစ်ဖန်ခွက်
သောက်ပြီးနောက် သူမကပါးစပ်သုတ်လိုက်သည်။

လီယန် ပြောလိုက်တယ်။
"မင်း ဗိုက်ဆာနေလား။အားမြောင်,ငါ့ကိုကြည့်။မင်းဗိုက်ဆာနေလား။ ဧည့်ခန်းစားပွဲပေါ်မှာ ကိတ်မုန့်နဲ့
မင်းအကြိုက်ဆုံးဂျယ်လီတွေရှိတယ်။"

ကုမြောင်ကနည်းနည်းမျှမလှုပ်ရှားဘဲ ကုဖေးကို ကြည့်လာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Tempat cerita menjadi hidup. Temukan sekarang