Part 104(unicode)

3K 654 63
                                    

Part 104
ကျန်ချန်၏မျက်ရည်များသည်စိမ့်ထွက်လာခြင်းမဟုတ်ခဲ့,မျက်ရည်များယိုဖိတ်ကျလာပြီး တစ်ချက်လေးတောင် တန့်သွားခြင်းမရှိဘဲ,အထိန်းအကွပ်မဲ့စွာ အရူးလို တလိမ့်လိမ့်စီးကျနေခြင်းဖြစ်သည်။မျက်ရည်တစ်လိမ့်ချင်းစီးကျလာသည်ကိုပြတ်ပြတ်သားသား
သူ ခံစားမိနေပြီး၊ သူ့ပါးပြင်ထက်တွင်ထင်း
ရှားသော မျက်ရည်စီးကြောင်း နှစ်ကြောင်း ဟာ ပါးပြင်တစ်ခုလုံးမျက်ရည်စိုစွတ်နေတဲ့အထိလျင်မြန်စွာပြောင်းသွားခဲ့သည်။

ဤအချိန်အတောအတွင်း ,သူဟာစိတ်အာရုံအနှောင့်အယှက်မှန်သမျှဖယ်ရှားခဲ့သကဲ့သို့ ကျန်ချန်တစ်ယောက်ခံစားလိုက်ရသည်။ သူ စာကျက်ခြင်းမှလွဲ၍ တခြားဘာမျှမစဉ်းစားမိခဲ့ဘူး။အလွန်ဆုံးမှ,စိတ်တည်ငြိမ်မှုခံစားမိဖို့ သူ့မျက်လုံးထောင့်စွန်းတွင် ကုဖေးကိုမြင်နေနိုင်သောအလေ့အကျင့်သာလိုအပ်ခဲ့၏။

ထိုမှလွဲ၍ သူ့ဦးနှောက်ထဲတွင် တစ်ခြားအပိုဆာဒါးစိတ်ကူးတွေဘာမှမရှိချေ။ ဒီနေ့ သူ့အတန်းဖော်တွေရဲ့စကားတွေကိုနားထောင်ပြီးနောက်တွင် ဘေးအခန်းရှိအတန်းထဲတွင်လူတစ်ယောက်ဖျားနာနေသည်ကိုသိလိုက်ရပြီး တို့းဝှေ့တိုက်တွန်းရင်းနှင့်တတိထထပ်မှမြေညီထပ်ထိ အတော်လေး ရုတ်ရုတ်သဲသဲ
ဖြစ်သွားသည်ကိုကြားလိုက်ရ၏။ဒါ​ပေမယ့်​ သူဘာတစ်ခုမျှမသိလိုက်​ဘူး ။

ဤတစ်ချိန်လုံး,သူ့ဦးနှောက်သည်အကြွင်းမဲ့
ပြည့်လျှံနေသည်အထိဖြည့်ခံထားခဲ့ရပြီး၊သူ့
အာရုံကြောတွေက တင်းတင်းကျပ်ကျပ်ရစ်
နွယ်နေခဲ့သည်မှာ ယခုထိတိုင်အောင်ပင်။

လေးလံသော ဝန်ထုပ်ဝန်ပိုးတွေအားလုံးကို လွှတ်ချလိုက်ပြီး ဖိအားအားလုံးကို ဖယ်ရှားလိုက်ပြီးနောက်တွင် ခံစားချက်များအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။သူနေထိုင်နေခဲ့သော ကွန်တိန်နာသည် ရုတ်တရက်အဖုံးဖွင့်သွားသလို ခံစားလိုက်ရသည်။သူ့မျက်စိနှင့်မြင်သမျှ၊သူ့နားနှင့်ကြားသမျှ၊ တွေ့ကြုံရသမျှ၊ခံစားရသမျှ....အား
လုံးသည် ယခင်ထက် ပိုရှင်းလင်းလာတယ်။

ကုဖေး၏ပင်ပန်းနွမ်းနယ်နေသောမျက်နှာကို မြင်လိုက်ရပြီး , အားပျော့နေသော အသံကိုကြားလိုက်ရချိန်၊ပြန်နိုးကြွလာသည့် အာရုံအထိအတွေ့များနှင့်အတူ,ပြီးခဲ့သောလများအတွင်းကုဖေးသယ်ပိုးထားခဲ့ရသည့်ဖိစီးမှုအမျိုးမျိုးအဖုံဖုံကို ကျန်ချန်နားလည်ခဲ့ရုံမျှသာဖြစ်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now