Part 128( unicode)

2.6K 541 27
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter;128

"နေ့လည်နဲ့ညနေကိုအချိန်ပြောင်းဖို့တစ်ဖက်နဲ့စကားပြောလို့ရအောင်ငါကူညီပေးနိုင်တယ်။"
တင်းကျူးရှင်းက ဖုန်းမှတစ်ဆင့်ပြောလာသည်။
"ဒါပေမယ့်, မတူညီတဲ့ယူနစ်တွေကို တာဝန်ယူ
ထားတဲ့ဓာတ်ပုံဆရာသုံးယောက်ရှိတယ်။ဒီနေ့
လည်ကျရင်သူတို့နဲ့အရင်စကားပြောရအောင်
မင်းလာခဲ့လိုက်။"

"ကောင်းပြီ, တခြားဓာတ်ပုံဆရာတွေကို
ငါသိလား။"
ကုဖေးသည် နှုတ်ခမ်းထက်တွင် စီးကရက်တစ်လိပ်ဖြင့်ပြတင်းပေါက်ကိုမှီပြီးကော်ဖီစားပွဲပေါ်မှာပန်းချီဆွဲနေသောကုမြောင်ကိုကြည့်နေ၏။

သူမကညစာစားပြီး အိမ်ပြန်ရောက်တည်းက ပန်းချီဆွဲနေခဲ့တာဖြစ်ပြီးအစိမ်းရောင်ယုန်ရုပ်များစွာကိုဆွဲနေလျှက်ရှိသည်။

သို့သော်ရွှီရှင်းကျီပြောသည့်စကားများအရဆိုလျှင်သူသည်ကုမြောင်အတွက်လွယ်ကူရိုးရှင်းသောစုတ်
ချက်များနှင့် ကြောင်တစ်ကောင်အား ဆွဲပေးရမည်ဖြစ်သည်၊သူမကအများဆုံးစုတ်ချက်လေးချက်သာဆွဲနိုင်လိမ့်မည်။ အကယ်၍ သူမက "ဖေးယန်" ပုံဆွဲတတ်ရန် သင်ယူချင်ပါကပန်းချီဆွဲဖို့သင်ယူနိုင်မည်ဖြစ်သော်လည်း၊ယခုအချိန်အထိကုမြောင်ကသူမ၏
အစိမ်း​ေရာင်ယုန်ကိုသာဆွဲနေဆဲဖြစ်သည်။

[TN; "ဖေးယန်"ကလည်း ကြောင်ဝတုတ်လေး
ပါပဲ။ တကယ်တော့ "Fat sheep "လို့သုံးထား
တာပါ။ သိုး ဝတုတ်လေးလို့ ပြန်ရအောင် ကျ
တစ်မျိုးတော့ တစ်မျိုးလေးပဲမလို့​ေလနော်။]

"တစ်ယောက်နဲ့တစ်ယောက်မသိလောက်ဘူး။
ဒါပေမယ့်အဲ့ဒါကထိခိုက်မှုမရှိပါဘူး။ငါသူတို့
နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုလည်း။ "
တင်းကျူးရှင်းကဆက်ပြောလာခဲ့သည်။
"မင်းဒီအလုပ်ကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်၊ နောက်ပိုင်း ကျရင် လုပ်ငန်းကြီးတွေေနဲ့ မိတ်ဆက်နိုင်လိမ့်မယ်။"

ကုဖေး "ကျေးဇူးတင်ပါတယ်။" လို့ပြောလိုက်
တယ်။

"ငါ့ကိုဒီလိုမပြောနဲ့။"
တင်းကျူးရှင်းက ပြုံးလိုက်သည်။
"ပြီးတော့မင်းမှာ ပစ္စည်းစက်ကိရိယာရှားပါး​ေနရင်၊
ငါ့ကိုအကြောင်းကြားပါ။ပစ္စည်းငှားမယ့်သူကိုငါရှာပေးမယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now