Part123(unicode)

2.5K 542 42
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 123;

"မင်း အလုပ္မမ်ားဘူးလား?။" 
ကုဖေးသည် ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ဖြင့် လမ်းဘေးမှာဆောင့်ကြောင့်ထိုင်ပြီးတော့ကားများအသွားအလာကိုကြည့်နေ၏။
"မင်းအရင်က နေ့တိုင်းအပြင်ထွက်ပြီး ဒိတ်နေကျမဟုတ်လား။သွားဒိတ်နေလိုက်စမ်းပါ။မင်းနေ့တိုင်း
နေ့တိုင်းငါ့ကိုကြည့်နေပြီး ဘာလုပ်မလို့လဲ။"

"ငါလည်းမင်းကိုကြည့်ချင်နေတယ်များထင်လား။"  လီယန်က သူ့နံဘေးရှိသစ်ပင်ကိုမှီပြီးပြောလာသည်။
"တစ်နေ ့တစ်နေ ့လူသေကောင်လိုဖြစ်နေတဲ့မင်းကိုစိုက်ကြည့်နေရတာသေတော့မလိုပဲ။"

"ဒါဆို ဒီက​နေလစ်လိုက်တော့။"

လီယန္က ဖုန်းကိုငုံ့ကြည့်ပြီးပြောလာ၏။
"မင်းရဲ့WeChat ကိုစစ်ကြည့်ချင်လား။ကျန်ချန်ကမင်းဓာတ်ပုံအောက်မှာတစ်နေ့ပြီးတစ်နေ့ cmtတစ္ခု ချန်ခဲ့တယ်......"

ကုဖေးအသက်ပြင်းပြင်းရှုသွင်းလိုက်တယ်။
"သူ့အကြောင်းကို မပြောနဲ့။" 

လီယန္က စကားကိုမြန်မြန်အဆုံးသတ်လိုက်၏။
"နေလုံးသေးသေးလေးအောက်မှာလည်းပေးခဲ့တယ်။ ဒါပေမယ့်လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်း
က ဘာမှမပေးတော့ဘူး။" 

ကုဖေးမတ်တပ်ထရပ်ပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်။

ထိုအခါ လီယန္က သူ့ကိုလက်ညိုးတစ်ထိုးထိုးဖြင့်ပြောလာတော့သည်။
"မင်း ငါ့ကိုတစ်ခုခုလုပ်ရဲရင် ငါတို့ရဲ့ ခင်မင်မှုကို
ဖြတ်တောက်ပစ်လိုက်မယ်။"

"ငါလည်း ပြောခဲ့တယ်။"
ကုဖေး သူ့ဆီ လှမ်းသွားပြီး မျက်နှာချင်းဆိုင်စိုက်
ကြည့်လိုက်တယ်။
"ငါ့ရှေ့မှာ ကျန်ချန်အကြောင်းကို မေမးဖို ့။"

လီယန်ကလည်း ပြန်ပြောလာသည်။
"ငါ နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်။ ဒီမေးခွန်းကို မေးပြီးရင် ငါ ထပ်မမေးတော့ဘူး။" 

ကုဖေးသည် နှုတ်ဆိတ်လျက်သားဖြင့် သူ့အားစိုက်ကြည့်လိုက်၏။

"ဘာ​​ဖြစ်လို့လဲ။တကယ်လို့မင်းလမ်းခွဲချင်ရင်တောင်အေးအေးချမ်းချမ်းနဲ ့နည်းလမ်းကိုဘာလို့မရွေးချယ်ရတာလဲ။ပြီးတော့ ,ငါ့အထင်​ေတာ့မင်းနှစ်ယောက်ထဲကတစ်ယောက်ကလမ်းခွဲရမယ်ဆိုရင် သေချာပေါက်
သူပဲဖြစ်သင့်တာ။ဘာလို့ မင်းကလမ်းခွဲရမှာလဲ?။ကျန္ခ်န္က ကောင်းတဲ့လူတစ်ယောက်ပါ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now