Part 103(unicode)

3.2K 635 102
                                    

Part 103..
ထိုညနေခင်းတွင်ကျန်ချန်သည် 'တရားထိုင်ခြင်း' အလေ့အကျင့်ကို ဆက်လုပ်ဆောင်ခဲ့ပြီး၊ သူ့ဦးနှောက်ထဲတွင် နောက်နေ့တွင်ဖြေဘာသာရပ်များတွက် အလွတ်ကျက်ခဲ့သမျှကို သူပြန်လည်သုံးသပ်နေခဲ့၏။သူသည် သူ့စားပွဲပေါ်ရှိ စာအုပ်တွေ၊မှတ်စုတွေနှင့်အခြား
သင်ထောက်ကူပစ္စည်းများကို ကိုင်ပင်မကိုင်
ပဲ ၊သူ့စိတ်ထဲတွင် ရှိပြီးသားအရာများကိုသာ အာရုံစိုက်ခဲ့သည်။

ဤတစ်ကြိမ်တွင် ကုဖေးက အတူတူ တရားထိုင်ခြင်းနှင့်မလုပ်ခဲ့ဘူး။'တွေးတောဆင်ခြင်ခြင်း'နှင့်ပတ်သတ်၍ဘာမျှမရှိပေ။ဤယနေ့ စာမေးပွဲသည် သူ့အတွက် အံ့သြစရာဖြစ်နေပြီဖြစ်၏။ အထက်တန်းကျောင်းသုံးနှစ်တွင် သူဖြေဆိုနိုင်ခဲ့သည် အကောင်းဆုံး အမှတ်ဖြစ်လိမ့်မယ်။ သူ ဒီခံစားချက်ကို ထိန်းထား
ဖို့ပဲလိုတယ်။

အိပ်ခန်းတံခါးကိုပိတ်ပြီးနောက် သူ ဧည့်ခန်းဆီသို့လျှောက်သွား၍ ရီကျင်းဘယ်လိုနေလဲ
မေးဖို့ရန် ဝမ်ရွှိကိုဖုန်းဆက်လိုက်တယ်။

ရီကျင်းသည် သူမသင်္ချာစာမေးပွဲကိုဖြေဆို လို့မပြီးသေးခင် ဆေးရုံသို့ပို့ဆောင်ခြင်းခံခဲ့ရ၏။ သူမ နိုးလာသည့်အချိန်တွင် မျက်လုံးတွေ ပေါက်ထွက်မတတ် ငိုယို၍ ဆေးရုံတွင် အချိန်အကြာကြီးဆက်နေရန်ငြင်းဆန်ခဲ့ပြီး—သူမကအိမ်ပြန်၍ နောက်တစ်နေ့စာမေးပွဲအတွက် ပြန်သုံးသပ်ချင်နေ၏။

“သူ အဖျားကြီးနေသေးတယ်။” 
ဝမ်ရွှိကဆက်ပြောလာသည်။
"အခုလောလောဆယ်, သူမစိတ်အခြေအနေက ရှုပ်ထွေးနေတယ်လို့ ငါ ခံစားနေရတယ်။
တကယ်လို့ မနက်ဖြန် သူ ဒီလိုမျိုးနဲ့စာမေးပွဲသွားဖြေရင် ... .သူလုပ်နိုင်ပါ့မလား ဘယ်သူသိမလဲ။"

"မင်း အခု သူ့အိမ်မှာလား။"

"ဒီအချိန်ကြီး ငါက သူ့အိမ်မှာ ရစ်သီရစ်သီနဲ့ဘာလုပ်နေရမှာလဲ။ လောင်ရွှိနဲ့ လောင်လုက
အခုလေးတင် အဲ့ဒီကိုတက်သွားတယ်။”
ဝမ်ရွှိက သက်ပြင်းချလာသည်။ 
"ငါ ဒီတစ်ချိန်လုံး အပြင်မှာရပ်နေတာ။"

"မင်းအိမ်အရင်ပြန်သင့်တယ်။ မဟုတ်ရင် မင်းကသူ့နောက်လိုက်ပြီး မနက်ဖြန် မင်းရဲ့စာမေးပွဲကိုမဖြေတော့ဘူးလား။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now