Part 130 (unicode)

2.9K 544 54
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter; 130

"နှစ်သစ်အကြိုနေ့ကိုငါအသက်ဆယ်နှစ်ကျော်လောက်ကတည်းက မဖြတ်သန်းချင်တော့ဘူး။
ဘာမှပျော်စရာမခံစာ​းရဘူးလို့ထင်တယ်။" 
ဖန်းကျိကစူပါမားကတ်ထဲရှိနှစ်သစ်ကူးရောင်း
ကုန်ပစ္စည်းအရောင်းတန်း၏ရှေ့တွင်ခေါက်တုံ့
ခေါက်ပြန်လျှောက်ပြီးတော့ဘယ်လက်ဆောင်
ဘူးကိုယူရမည်ကိုတွေးတောနေလျှက်ရှိသည်။

"ဘာဖြစ်လို့လဲ?။"
ကျန်ချန်လက်တွန်းလှည်းကိုတွန်းပြီး သူ့ဘေးမှာမတ်တပ်ရပ်၍ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေ
သောဖန်းကျိကို ကြည့်လိုက်တယ်။

ကျန်ချန်အတွက်တော့ဆယ်နှစ်ကျော်လောက်မပြောနှင့်သူအသက်ဆယ်နှစ်မပြည့်ခင်ကတည်းကတောင်နှစ်သစ်ကူးကသိပ်ပျော်စရာကောင်းတယ်လို့မခံစားခဲ့ရချေ။

ပြီးခဲ့တဲ့နှစ်တရုတ်နှစ်သစ်ကူးသည်ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့်ကုဖေးကြောင့်လည်းဖြစ်နိုင်သည်။အရင်နှစ်တွေနှင့်မတူချေသူအတိတ်ကိုပြန်လှည့်မိချိန်တွင်၊နှစ်သစ်ကူးနှင့်ဆက်နွှယ်မိခဲ့သောပထမဆုံးအချိန်ကသူအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးနောက်ပိုင်းဖြတ်သန်းခဲ့တဲ့မနှစ်ကနှစ်သစ်ကူးဖြစ်သည်။

ယခုတွင် စူပါမားကတ်ရှိနောက်ခံတေးဂီတကို နားထောင်ရင်းသူ့ပတ်ပတ်လည်ရှိ​မြောက်များ
လှစွသောအနီရောင်ရောင်းကုန်များ၊ ခြေလှမ်းအနည်းငယ်လှမ်းယုံဖြင့် တွန်းတိုက်မိနိုင်သော
လူအုပ်ကြီးကို ကြည့်ပြီး၊ မနှစ်ကသူနှင့်ကုဖေး
နှစ်သစ်ကူးကုန်ပစ္စည်းများအတူတူ ဝယ်တုန်း
ကဘယ်လိုပုံစံလဲဆိုတာမှတ်မိနေသေးသည်။ 

"ဒါပေမယ့်,ငါ့အသက်ဆယ်နှစ်ကျော်ပြီးတည်းက လွတ်လွတ်လပ်လပ် မကစားနိုင်တော့ဘူး။နှစ်သစ်ကူးပစ္စည်းတွေ သွားဝယ်တဲ့ အခါတိုင်း ပစ္စည်းတွေသယ်ရတယ်၊အိမ်သန့်ရှင်းရေးလုပ်ရတယ်၊သန့်ရှင်းရေးမလုပ်ရင် အရိုက်ခံရတယ်......"
ဖန်းကျိကနောက်ဆုံးတွင်မူဈေးဝယ်လှည်းထဲသို့​လက်ဆောင်ဘူးနှစ်ခုကိုထည့်လိုက်သည်။
"မင်း အဲ့တိုက်ခန်းကသန့်ရှင်းရေးလုပ်စရာလိုသေးလား။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Wo Geschichten leben. Entdecke jetzt